တိုက်စစ်မှူးတစ်ဦးရှာဖွေနေကြောင်း အာစင်ဝင်းဂါး ၀န်ခံ

တိုက်စစ်မှူးတစ်ဦးရှာဖွေနေကြောင်း အာစင်ဝင်းဂါး ၀န်ခံ

သြဂုတ် ၁၊ အင်္ဂလန် ။              ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက တိုက်စစ်မှူးသစ် တစ်ဦးရှာဖွေနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ပေါင် ၂၉.၅ သန်းဖြင့် ပြီးခဲ့သည့်အပတ်က ကမ်းလှမ်းခဲ့ရာတွင် ပယ်ချခံခဲ့ရပြီးနောက် ယခုနောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းရန်ပြင်ဆင် လျက်ရှိသည်။ သို့သော် အာဆင်နယ်အသင်းသည် လာကာဇက်တီအတွက် ပေါင် ၃၃.၇ သန်းထက်ပိုပေးမည်မဟုတ်ကြောင်းလည်း သတင်းများက ဆိုသည်။

အာဆင်နယ်အသင်းသည် လက်စတာတိုက်စစ်မှူး ဗာဒီကို ခေါ်ယူရန်ကြိုးပမ်းခဲ့သေးသော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေ။ ထို့နောက်တွင် လာကာဇက်တီကို ခေါ်ယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ် သည်။

လာကာဇက်တီသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အတွက် ၂၃ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ ယခုပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကလည်း အီဗရာဟီမိုဗစ်ချ်၏နေရာကို ပြန်လည်ဖြည့်တင်းရန် လာကာဇက်တီကို ခေါ်ယူလိုလျက် ရှိနေသည်။

အာဆင်နယ်အသင်းသည် ဒဏ်ရာရရှိသွားသည့် နောက်ခံလူ မာတီဆက်ကာ၏နေရာတွင် အစားထိုးရန်အတွက် ဗလင်စီယာနောက်ခံလူ မူစတာဖီကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

Ref: The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly