လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများကို ရယူရန် အက်သလက်တီကိုအသင်းသို့ လာခဲ့ခြင်းဟု ဂါမီရို ပြော

လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများကို ရယူရန် အက်သလက်တီကိုအသင်းသို့ လာခဲ့ခြင်းဟု ဂါမီရို ပြော

သြဂုတ် ၁၊ စပိန် ။            ။ အက်သလက်တီကိုအသင်း၏တိုက်စစ်မှူးသစ် ကီဗင်ဂါမီရိုက လာလီဂါနှင့်ချန်ပီယံလိဂ်ဆုဖလားများ ရယူရန် မက်ဒရစ်မြို့ခံအသင်းသို့ ပြောင်းလာခြင်းဖြစ်သည်ဟု ပြောဆို လိုက်သည်။

ဆီဗီလာတိုက်စစ်မှူး ဂါမီယိုကို အက်သလက်အသင်းက လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဂါမီရိုက ၎င်းကိုဘာစီလိုနာအသင်းက ကာလကြာရှည်စိတ်ဝင်စားခဲ့သော်လည်း အက်သလက်တီကိုအသင်းမှာ သူ၏ ပထမဦးစားပေးဖြစ်ပြီး ဒီအသင်းသို့ အမြဲပဲ ပြောင်းရွှေ့လိုခဲ့ကြောင်း ပြောသည်။

‘နည်းပြ ဆီမြွန်နီက ကျွန်တော့်ရဲ့အရည်အချင်းကိုသိပါတယ်။ သူ့အသင်းမှာ ကျွန်တော့်ကို ပါဝင်စေချင်တယ်။ သူ့ရဲ့အမြင်ကို ကျွန်တော်ကြိုက်ပါတယ်။

ဖိအားဆိုတာကတော့ အမြဲတမ်းရှိနေတာပါပဲ။ ဒါပေမဲ့ အဲ့ဒါက ကောင်းတဲ့အရာလည်းဖြစ်နိုင်ပါတယ်။ ပွဲကိုအာရုံစိုက်ကစားပြီး ဒီအသင်းမှာ ဂိုးတွေအများကြီးသွင်းမှာပါ။ ကျွန်တော်ဒီကိုလာတာက ချန်ပီယံဆုဖလားတွေရယူဖို့ပါ။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိအောင် ကြိုးစားမှာပါ’ ဟု ဂါမီရိုက ပြောသည်။

ထို့အပြင် ဂါမီရိုက ၎င်းနှင့်ဂရစ်ဇ်မန်တို့တွဲဖက်ပြီး ဂိုးတွေအများကြီး သွင်းယူမည်ဟု ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly