သြစတြေးလျ၌ လူငယ်ထိန်းသိမ်းရေးစင်တာတွင် ဆယ်ကျော်သက်လူငယ်များအပေါ် နှိပ်စက်မှုများရှိ၍ ပြည်သူရာပေါင်းများစွာ ဆန္ဒပြ

သြစတြေးလျ၌ လူငယ်ထိန်းသိမ်းရေးစင်တာတွင် ဆယ်ကျော်သက်လူငယ်များအပေါ် နှိပ်စက်မှုများရှိ၍ ပြည်သူရာပေါင်းများစွာ ဆန္ဒပြ

မဲလ်ဘုန်း၊ ဇူလိုင် ၃၀ ။              ။ သြစတြေးလျနိုင်ငံတွင် လူငယ်ထိန်းသိမ်းရေးစင်တာရှိ ယောက်ကျားလေးများအား မဖွယ်မရာအလွဲသုံးစားလုပ်မှုများ ရှိနေသည်ဆိုကာ မြို့များအနှံ့ ပြည်သူရာပေါင်းများစွာက စုရုံးဆန္ဒပြကြသည်။

ဆယ်ကျော်သက်လူငယ်ယောက်ကျားလေးများကို မျက်ရည်ယိုဓာတ်ငွေ့ပေး၍ ညဉ်းပန်းနေမှု ဗီဒီယို ထွက်ပေါ်လာပြီးနောက် တုန်လှုပ်ရကြောင်း မဲလ်ဘုန်း၊ ဆစ်ဒနီနှင့် ဘရစ်ဘန်းတို့တွင် ဆန္ဒပြသူများ စုရုံးဆန္ဒြုပခြင်းဖြစ်သည်။

သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘောက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အမိန့်ပေးသည်။

သို့သော် နိုင်ငံတော်အဆင့် သတ်မှတ်စစ်ဆေးရန်ကိုမူ ၎င်းက ငြင်းသည်။

ယခုစုရုံးဆန္ဒပြသူများသည် မဲလ်ဘုန်းမြို့တွင် အယောက် ၇၀၀၊ ဆစ်ဒနီတွင် ၃၀၀ ရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

လူငယ်ထိန်းသိမ်းရေးစင်တာတွင် လူငယ်လေးများ မဖွယ်မရာဆက်ဆံခံရသည့် ဗီဒီယိုကို အမျိုးသားရုပ်သံလိုင်း ABC သတင်းဌာနက စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags