ရွှေဘောလုံးဆု ဆန်ကာတင် သုံးဦးစာရင်းတွင် ဂရစ်ဇ်မန်းပါဝင်နိုင်ဟု ဆီမြွန်နီထောက်ခံ

ရွှေဘောလုံးဆု ဆန်ကာတင် သုံးဦးစာရင်းတွင် ဂရစ်ဇ်မန်းပါဝင်နိုင်ဟု ဆီမြွန်နီထောက်ခံ

ဇူလိုင် ၂၉၊ မက်ဒရစ်။               ။ ၂၀၁၆ ခုနှစ်အတွက် ရွှေဘောလုံးဆုဆန်ကာတင်သုံးဦးစာရင်းတွင် အက်သလက်တီကိုကြယ်ပွင့် ဂရစ်ဇ်မန်းပါဝင်နိုင်သည်ဟု နည်းပြ ဆီမြွန်နီက ထောက်ခံပြောဆိုလိုက်သည်။

ဂရစ်ဇ်မန်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၃၂ ဂိုးသွင်းနိုင်ခဲ့ပြီး အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့ သကဲ့သို့ လာလီဂါတွင် ချန်ပီယံဘာစီလိုနာနှင့် သုံးမှတ်အကွာ၌ ရပ်တည်နိုင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ယူရို ၂၀၁၆ ပြိုင်ပွဲဗိုလ်လုပွဲတွင် ပေါ်တူဂီကို ၁-၀ ဂိုးဖြင့်ရှုံးခဲ့သည့် အိမ်ရှင်ပြင်သစ် အသင်းအတွက်လည်း ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဆုဖလားနှင့်လွဲချော်ခဲ့သော်လည်း ဂရစ်ဇ်မန်းအနေဖြင့် လာမည့်ဇန်နဝါရီတွင်ပေးအပ်မည့် ရွှေဘောလုံးဆု ဆန်ကာတင်သုံးဦးစာရင်းဝင်သင့်သည်ဟု ဆီမြွန်နီက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နောက်ဆုံးသုံးယောက်စာရင်းမှ သူပါသင့်ပါတယ်။ သူက ဥရောပအကောင်းဆုံးသုံးယောက်ထဲက တစ်ဦးဖြစ်ပြီး ရွှေဘောလုံးဆု ရှင်လောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဆုဖလားတွေမရခဲ့ပေမယ့်လည်း အဖိုးတန်ဂိုးတွေတော့သွင်းနိုင်ခဲ့ပါတယ်။

ရွှေဘောလုံးဆုဆွတ်ခူးနိုင်မယ့် အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်”ဟု ဆီမြွန်နီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly