လော့စ်အိန်ဂျလိစ် ၊ နယူးယော့ခ် ၂၇ ။ ။ ကမ္ဘာကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်၏ မွေးနေ့ပွဲတွင် ဂျေလို နှင့် ကာလ်ဗင်ဟားရစ်တို့ သည် တေးဂီတပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။
ဟားရစ်သည် သီတင်းပတ်ကုန်က လက်စ်ဗီးဂက်စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျေလို၏ ၄၇ နှစ်ပြည့် မွေးနေ့ပါတီပွဲသို့ တတ်ရောက်ခဲ့ပြီး ဂျေလို၏ Planet Hollywood ဖျော်ဖြေပွဲ All I Have ကိုလည်း ကြည့်ရှုခဲ့သည်။
“ ဂျေလိုနဲ့ ဟားရစ်တို့ နှစ်ဦးဟာ သူတို့ ချစ်မြတ်နိုးတဲ့ တေးသီချင်းအမျိုးအစားတွေကို ဆွေးနွေးခဲ့ကြတယ်။ ဟားရစ်ဟာ ဂျေလိုနဲ့ ဆွေးနွေးခဲ့ရတာရော ဘန်နီနဲ့ စကားပြောရတဲ့အတွက် ပါတီပွဲမှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ် ”ဟု သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။
ဂျေလိုသည် စကော့တလန် ဒီဂျေသမား ကာလ်ဗင်ဟားရစ်နှင့် တစ်ခါမျှ တေးဂီတကို ပူးပေါင်းလုပ်ဆောင်ဖူးခြင်းမရှိပေ။ ဟားရစ်သည် နောက်ဆုံးထွက်ရှိခဲ့သည့် ၎င်း၏ တေးသီချင်း “ This Is What You Came For” ကို ရည်းစားဟောင်းဖြစ်သူ တေလာဆွစ်ဖ်နှင့်အတူ လုပ်ဆောင်ခဲ့ပြီး ယင်းတေးသီချင်းတွင် ရီဟားနားက featuring သီဆိုပေးထားသည်။
ကာလ်ဗင်ဟားရစ်သည် ယခင်က ရီဟားနား နှင့် “ We Found Love” တေးသီချင်းကို အတူလုပ်ဆောင်ခဲ့ဖူးသည်။ ထို့အပြင် ဟားရစ်သည် မယ်ရီဂျေဘလိုက် ၊ Kylie Minogue ၊ အဲလီဂလောင်ဒင်း ၊ ရီတာအော်ရာ ၊ ဂျွန်နယူးမန်း ၊ ဖလော်ရက်စ်ဝပ်ရှ် ၊ နီ-ယို ၊ ချယ်ရီကိုးလ် နှင့် ဂွမ်စတဖာနီ တို့နှင့်လည်း ပူးပေါင်းလုပ်ဆောင်လုပ်ဆောင်ခဲ့သည်။