ကွင်းလယ်လူ မာတစ်ကို ရောင်းချမည် မဟုတ်ဟု ကွန်တီပြော

ကွင်းလယ်လူ မာတစ်ကို ရောင်းချမည် မဟုတ်ဟု ကွန်တီပြော

ဇူလိုင် ၂၇၊ လန်ဒန်။            ။ မာတစ်ကိုရောင်းချမည်မဟုတ်ကြောင်းနှင့် ဆားဘီးယားကွင်းလယ်ကစားသမားသည် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစား သမားဖြစ်လာနိုင်သည်ဟုယုံကြည်ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီကပြောသည်။

မာတစ်သည် ချယ်လ်ဆီးအသင်းပရီးမီးယားလိဂ်ဖလားရသည့် ၂၀၁၄-၁၅ ရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီကမူ ရုန်းကန်ခဲ့ရသည်။

အသက် ၂၇ နှစ်အရွယ်ကစားသမားမှာ ပြီးခဲ့သည့်ရာသီက ယာယီနည်းပြဟစ်ဒင့်လက်ထက်တွင် နေရာပျောက်ခဲ့ရပြီး မီကယ်လ်၏နောက်တွင်သာ နေရာရခဲ့သည်။

ချယ်လ်ဆီးအသင်းက လက်စတာကွင်းလယ်ကစားသမား ကန်တီကိုခေါ်ယူလိုက်ရာတွင် မာတစ်၏အနာဂါတ်မှာ မရေမရာဖြစ် လာခဲ့သော်လည်း နည်းပြကွန်တီက ယင်းကစားသမား၏ အရည်အသွေးအပေါ်ယုံကြည်မှုရှိနေသည်။

“မာတစ်က ကျွန်တော့်အတွက် သိပ်အရေးကြီးတဲ့ကစားသမားပါ။ ကျွန်တော့်ဘောလုံးအိုင်ဒီယာအတွက် သိပ်အရေးကြီးတဲ့ ကစားသမားဖြစ်ပါတယ်။

သူကလည်း ဒါကိုသိထားပါတယ်။ သူ့ရပ်တည်ချက်နဲ့အပြုအမူအတွက်လည်း ကျွန်တော်ကျေနပ်ပါတယ်။ သူ့လုပ်အားနှုန်းနဲ့ဆိုရင် တစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်။ သူ့ကိုရောင်းမှာ မဟုတ်ပါဘူး”ဟု ကွန်တီကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly