ဆိုးလ်၊ ဇူလိုင် ၂၅ ။ ။ တောင်ကိုရီးမင်းသား လီဂျောင်ဆွတ်ခ်သည် မကြာသေးမီက “ PLEASE STOP” ခေါင်းစဉ်ဖြင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ကမ်းပိန်တစ်ခုကို ဒီဇိုင်နာ Jain Song ဖက်ရှင်အမှတ်တံဆိပ် နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည်။
လီဂျောင်ဆွတ်ခ်သည် လက်ရှိအချိန်တွင် MBC ရုပ်သံ၏ “ W” ဇာတ်ကားကို ရိုက်ကူးလျက်ရှိသည်။လီဂျောင်ဆွတ်ခ်သည် အဝတ်အစားဒီဇိုင်းများ နှင့် အကြံဉာဏ်များကို ဒီဇိုင်နာနှင့်အတူ လုပ်ဆောင်ခဲ့သည်။
ကျားမ မရွေးဝတ်ဆင်နိုင်သော ဘဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိသည့် လွယ်အိတ်များ ၊ ရင်ကွဲသိုးမွေးအင်္ကျီများ နှင့် ဦးထုပ်များအားလုံးတွင် ကမ်းပိန်၏ မက်ဆေ့ချ် နှင့် မင်းသား၏လက်မှတ်တို့ ရေးထိုးထားသည်။ကမ်းပိန်မှရရှိသော အမြတ်အစွန်းများအားလုံးကို ချို့တဲ့သူများကူညီရေးအဖွဲ့ “ Save The Children” ကို လှူဒါန်းသွားမည်ဖြစ်သည်။
“ ဒီမတိုင်ခင်ကတည်းက လီဂျောင်ဆွတ်ခ်ဟာ ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူတစ်ယောက်လို့ ကျွန်မ သိထားပါတယ်။ အသိမိတ်ဆွေမှတစ်ဆင့် ကျွန်မ လီဂျောင်ဆွတ်ခ်နဲ့ သိကျွမ်းခဲ့တာပါ”ဟု ဒီဇိုင်နာ Jian Songက ပြောကြားသည်။
“ ဒီကမ်းပိန်ရဲ့ ရည်ရွယ်ချက်ဟာ အကျိုးမြတ်ရဖို့ မဟုတ်ပါဘူး။လူမှုရေးရာ ကိစ္စတွေနဲ့ပတ်သက်လို့ လူတွေရဲ့ ပြောဆိုမှုကို မြှင့်တတ်လာစေရန် ရည်ရွယ်ထားတယ်။အလုပ်ကိစ္စတွေ များနေပေမဲ့ ဒီကမ်းပိန်ကို ကျွန်မတို့ လုပ်ဆောင်နိုင်တဲ့အတွက် အရမ်းကို ပျော်ပါတယ် ”ဟု Jian Song ကပြောကြားသည်။
မင်းသားလီဂျောင်ဆွတ်ခ်သည် လက်ရှိအချိန်တွင် “ W” ဒရမ်မာဇာတ်ကား၌ ပါဝင်သရုပ်ဆောင်လျက်ရှိသည်။