ဒေးဗစ်မိုယက်စ်ကို ဆန်းဒါးလန်းအသင်း နည်းပြအဖြစ်ခန့်အပ်

ဒေးဗစ်မိုယက်စ်ကို ဆန်းဒါးလန်းအသင်း နည်းပြအဖြစ်ခန့်အပ်

ဇူလိုင် ၂၄၊ ဆန်းဒါးလန်း။                ။ ဆန်းဒါးလန်းအသင်းသည် ဒေးဗစ်မိုယက်စ်ကိုနည်းပြသစ်အဖြစ် လေးနှစ်စာချုပ်ဖြင့်ခန့်အပ်လိုက်သည်။

အင်္ဂလန်အသင်းကိုနည်းပြရန် ဆမ်အလာဒိုက်ထွက်ခွာသွားပြီးနောက် အဲဗာတန်နှင့်မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အသက် ၅၃ နှစ်အရွယ် မိုယက်စ်က ဆန်းဒါးလန်းနည်းပြဖြစ်လာခဲ့သည်။

“အားပေးထောက်ခံမှုကောင်းတဲ့ ဗြိတိန်ကလပ်အသင်းကိုကိုင်တွယ်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အလုပ်ပြန်လုပ်ဖို့လည်း စိတ်လှုပ်ရှားနေပါတယ်”ဟု မိုယက်စ်က ပြောသည်။

စကော့တလန်လူမျိုးမိုယက်စ်သည် နိုဝင်ဘာတွင် ဆိုစီဒက်အသင်းမှထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့နေသူဖြစ်သည်။ ၎င်းသည် ၁၀ နှစ်အတွင်း ၁၀ ယောက်မြောက်ဆန်းဒါးလန်းအသင်းနည်းပြဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဆန်းဒါးလန်းနည်းပြဖြစ်လာပြီး ငါးနာရီအကြာတွင် ဆန်းဒါးလန်းအသင်းသည် ခြေစမ်းပွဲ၌ ရော့သာဟမ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly