မြောက်ကိုရီးယား နယ်စပ်အနီး စီးပွားရေးဇုန် ထူထောင်ရန် တရုတ်စီစဉ်

မြောက်ကိုရီးယား နယ်စပ်အနီး စီးပွားရေးဇုန် ထူထောင်ရန် တရုတ်စီစဉ်

ဇူလိုင် ၂၁ ။              ။ မြောက်ကိုရီးယား နယ်စပ်နှင့် ကပ်လျက်တည်ရှိနေသော တရုတ် နယ်စပ်မြို့များဖြစ်သည့် Dandong နှင့် Tonghua တို့အကြားတွင် စီးပွားရေးဇုန်တစ်ခုကို ထူထောင်သွားရန် တရုတ်အာဏာပိုင်များက စီစဉ်နေသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့် မြောက်ကိုရီးယားအထူးသံတမန် ရီဆူယုန် တို့တွေ့ဆုံဆွေးနွေးမှုအပြီး ယခု စီမံကိန်း တည်ဆောက်မည့် အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုတွင် တရုတ် နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ပူးပေါင်းဆက်ဆံသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားသွားသည်။

တရုတ်၏ အဆိုပါ စီးပွားရေးဇုန်တွင် မြောက်ကိုရီးယားတို့ တိုက်ရိုက်ပါဝင်ပတ်သက်သွားမည်မဟုတ်သော်လည်း မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုပိုင်းတွင် ပိုမိုတက်ကြွစွာလုပ်ဆောင်သွားနိုင်မည့် ဇုန်တစ်ခုကို ထူထောင်သွားရန် တရုတ်တို့ဘက်က ရည်ရွယ်နေခြင်းဖြစ်သည်။

လက်တစ်လောတွင်လည်း တရုတ် နိုင်ငံဘက်ခြမ်းတွင် ထောင်ပေါင်းများစွာသော မြောက်ကိုရီးယားနိုင်ငံသားများ လာရောက်အလုပ်လုပ်ကိုင်နေလျက်ရှိပြီ ၎င်းတို့၏ ခေါင်းဆောင် ကင်ဂျုံအန်းအစိုးရအတွက် ဘဏ္ဍာငွေများ ရှာဖွေပေးနေလျက်ရှိသည်။

မြောက်ကိုရီးယားနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသော အဆိုပါ မြို့ကြီးနှစ်ခုကြားတွင် ထူထောင်မည့် စီးပွားရေးဇုန်အတွက် အခြေခံအဆောက်အအုံတည်ဆောက်မှုများတွင် မြန်နှုန်းမြင့် ရထားလမ်း၊ အမြန်လမ်းမကြီးတစ်ခု၊ လေယာဉ်ကွင်း စသည်တို့ကို ထည့်သွင်တည်ဆောက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly