ကမ္ဘာတစ်ဝန်း လူအကြည့်များဆုံး ကေပေါ့တေးဂီတဗီဒီယို ဘေလ်ဘုတ် ထုတ်ပြန်ကြေညာ

ကမ္ဘာတစ်ဝန်း လူအကြည့်များဆုံး ကေပေါ့တေးဂီတဗီဒီယို ဘေလ်ဘုတ် ထုတ်ပြန်ကြေညာ

ဆိုးလ်၊ ဇူလိုင် ၁၉ ။          ။ ၂၀၁၆ ခုနှစ် ဇွန်လအတွက် ကမ္ဘာတစ်ဝန်း နှင့် အမေရိကန်ပြည်ထောင်စုတွင် လူကြည့်အများ ဆုံး ကေပေါ့တေးဂီတဗီဒီယို ထိပ်တန်း၁၀နေရာစာရင်းကို ဘေလ်ဘုတ်က ထုတ်ပြန်ကြေညာခဲ့သည်။

EXO အဖွဲ့သည် ၎င်းတို့၏ တတိယမြောက် စတူဒီယို အယ်လ်ဘမ် “EX’ACT” မှ တေးသီချင်း များဖြစ်သော “Monster” နှင့် “Lucky One” တေးသီချင်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ် ဝန်းရှိ တေးသီချင်းဇယားနှစ်ခုလုံးတွင် ထိပ်တန်းနေရာနှစ်နေရာတွင် ရပ်တည်နေသည်။

SISTAR အဖွဲှ၏ လူကြိုက်များသော “I Like That” တေးသီချင်းသည် ဇယားနှစ်ခုလုံးတွင် နံပါတ်၃ နေရာတွင် ရပ်တည်နေသည်။SNSD အဖွဲ့ဝင် တေးယွန်းသည် “ Starlight” နှင့် “ Why” တေးသီချင်းဖြင့် အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ဇယားတို့တွင် ပါဝင်ခဲ့သည်။

EXO အဖွဲ့သည် ၎င်းတို့အဖွဲ့၏ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် “EX’ACT” ဖြင့် ဇွန်လ အတွက် ကိုရီးယားတေးဂီတဇယားများတွင် ကြီးစိုးခဲ့သည်။EXO အဖွဲ့သည် ၎င်းတို့၏ တတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ EXO PLANET #3 _ The EXO’rDIUM အတွက် ဖျော်ဖြေပွဲ ခြောက်ပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိနှင့် ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags