ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လာမည်ဟု စီရော်နယ်ဒို ပြော

ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လာမည်ဟု စီရော်နယ်ဒို ပြော

ဇူလိုင် ၁၉၊ ပေါ်တူဂီ ။             ။ ယူရို ၂၀၁၆ ဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးယဲလ်အသင်းရဲ့ ရာသီအစ ပွဲစဉ်သုံးပွဲလောက်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီက ပြင်သစ်ကို အနိုင်ရခဲ့တဲ့အဲ့ဒီပွဲမှာ စီရော်နယ်ဒိုဟာ ပြင်သစ်ကွင်းလယ်လူ ပေယက်နဲ့ထိခိုက်မိပြီး ပွဲချိန်အစောပိုင်းကတည်းက လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ဒဏ်ရာက နည်းနည်းပြင်းတာကြောင့် ရီးယဲလ်အသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပေမယ့် စီရော်နယ်ဒိုက ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာမယ်လို့ ပြောဆိုလိုက်ပါတယ်။

‘ကျွန်တော့်ရဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ကို ပြောလိုတာကတော့ ကျွန်တော်အခြေအနေကောင်းပါတယ်။ မကြာခင် အကောင်းဆုံးပုံစံနဲ့ ပြန်လာမှာပါ’ လို့ စီရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို ပေါ်တူဂီအသင်းနဲ့ ယူရိုဖလားကို ရရှိခဲ့တာကြောင့် ၂၀၁၆ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် ဥရောပအကောင်းဆုံးဘောလုံးသမားဆုအတွက်လည်း မက်ဆီနဲ့အပြိုင် ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly