လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၈ ။ ။ “The Secret Life of Pets” အန်နီမေးရှင်း ရုပ်ရှင်ကားသည် ထုတ်လွှင့်ပြီး ဒုတိယသီတင်း ပတ်ကုန်အတွင်း အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၆ သန်း ဝင်ငွေရရှိကာ မြောက်အမေရိက ရုံတင်ပြသ ငွေ ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက်ရှိကြောင်း BoxOfficeMojo.com တွင် ဇူလိုင် ၁၇ ရက်က ဖော်ပြထားသည်။
အန်နီမေးရှင်း ရုပ်ရှင်ကားတွင် လူးဝစ်စီကေ၊ ကာလ်ဗင်ဟက်နှင့် ဂျင်းနီစလိတ်တို့က အသံဖြင့် ပါဝင် သရုပ်ဆောင်ထားသည်။ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကား “Ghostbusters” သည် အမေရိကန်ဒေါ် လာ ၄၆ သန်းဖြင့် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး “The Legend of Tarzan” အက်ရှင်ရုပ်ရှင် ကားသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ သန်းဖြင့် နံပါတ် ၃ နေရာတွင် ရပ်တည်နေသည်။
အပြာရောင်ငါးလေးအကြောင်း ရိုက်ကူးထားသော “Finding Dory” ရုပ်ရှင်ကားသည် အမေရိ ကန်ဒေါ်လာ ၁၁ သန်းဖြင့် နံပါတ် ၄ နေရာတွင် ရပ်တည်နေပြီး “Mike and Dave Need Weeding Dates” ဟာသ ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် နံပါတ် ၅ နေရာတွင် ရပ်တည်နေသည်။
“The Purge : Election Year” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၆ဒသမ၁သန်းဖြင့် နံပါတ် ၆ နေရာတွင် ရပ်တည်နေပြီး “ Central Intelligence” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၅ ဒသမ၃ သန်းဖြင့် နံပါတ် ၇ နေရာတွင် ရပ်တည်နေကာ “The Infiltrator” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၉ သန်းဖြင့် နံပါတ် ၈ နေရာတွင် ရပ်တည်နေသည်။
“The BFG” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် နံပါတ် ၉ နေရာတွင် ရပ်တည်နေပြီး “Independence Day: Resurgence” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်။