ပါကစ္စတန်တွင် လူမှုမီဒီယာတွင် ကျော်ကြားသူ အစ်မဖြစ်သူကို ဂုဏ်သိက္ခာအတွက် သတ်ဖြတ်သည့် မောင်ဖြစ်သူအား ဖမ်းမိ

ပါကစ္စတန်တွင် လူမှုမီဒီယာတွင် ကျော်ကြားသူ အစ်မဖြစ်သူကို ဂုဏ်သိက္ခာအတွက် သတ်ဖြတ်သည့် မောင်ဖြစ်သူအား ဖမ်းမိ

အစ္စလန်မာဘတ်၊ ဇူလိုင် ၁၇ ။            ။ ပါကစ္စတန်နိုင်ငံတွင် လူမှုမီဒီယာ၌ ထင်ပေါ်ကျော်ကြားသူ ကွန်ဒီးဘာလော့စ်အား ပြန်သတ်ခဲ့သည့် ၎င်း၏ မောင်ဖြစ်သူကို ဖမ်းဆီးမိသည်။

အသက် ၂၅ နှစ်ရှိ ဝါဇမ်းကို ဒါရာဂါဇီခန်းမြို့တွင် ဇူလိုင် ၁၆ ရက်က ဖမ်းဆီးမိခြင်းဖြစ်သည်။

ဝါဇမ်းက အစ်မဖြစ်သူ ဘာလော့စ်အား မိသားစုဂုဏ်သိက္ခာမဲ့အောင်လုပ်

သည့်အတွက်ကြောင့် ဆေးခတ်ကာ လည်ပင်းညှစ် သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံကြောင်း  Dawn သတင်းစာက ဖော်ပြသည်။

အသက် ၂၆ နှစ်ရှိ ဘာလော့စ်သည် လူမှုမီဒီယာတွင် ရံဖန်ရံခါ ညစ်ညမ်းသည့် ပုံများ၊ ကွန်မန့်များနှင့် ဗီဒီယိုများ တင်ခြင်းကြောင့် လူသိများလာခဲ့သည်။

မကြာသေးမီကလည်း မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် တွဲရိုက်သည့် ဓာတ်ပုံကြောင်း အငြင်းပွားဝေဖန်စရာများ ဖြစ်ခဲ့သည်။

ထိုပုံကြောင့်ပင် မောင်ဖြစ်သူ ဝါဇမ်းက ပြန်သတ်ဖြစ်စေသည့် အကြောင်းတွင် တစ်ရပ်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းစာက ရဲဌာနကို ကိုးကားဖော်ပြသည်။

"ကျွန်တော် သူ့ကို သတ်တာကို သူ သိတောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော်က သူကို ဆေးခတ်ထားတယ်။ ပြီးတော့မှ လည်ပင်းညှစ် သတ်လိုက်တာပဲ။"ဟု ဝါဇမ်းက ပြောကြောင်း သတင်းစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags