ဆန်းဒါးလန်းမှ အီတလီလက်ရွေးစင်တောင်ပံကစားသမား ဂီရာချီရီနီကို နာပိုလီ ခေါ်ယူ

ဆန်းဒါးလန်းမှ အီတလီလက်ရွေးစင်တောင်ပံကစားသမား ဂီရာချီရီနီကို နာပိုလီ ခေါ်ယူ

ဇူလိုင် ၁၇၊ အီတလီ ။               ။ ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် ဒုတိယရခဲ့သည့် နာပိုလီအသင်းသည် ဆန်းဒါးလန်းအသင်းမှ အီတလီလက်ရွေးစင်တောင်ပံကစားသမား ဂီရာချီရီနီကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဂီရာချီရီနီ၏ ပြောင်းရွှေ့ကြေးကို ဒေးလီးမေးလ်က ပေါင် ၂ သန်းဟု ဖော်ပြခဲ့သော်လည်း ဘီဘီစီက မဖော်ပြသောပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု ရေးသားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဂီရာချီရီနီသည် ၂၀၁၃ ခုနှစ်က ဂျူဗင်တပ်စ်မှ ဆန်းဒါးလန်းသို့ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ဒဏ်ရာရပြီးနောက်တွင် ပထမကစားသမားနေရာ မရရှိတော့ပဲ ပြီးခဲ့သည့်ရာသီက ဘိုလော့ဂ်နာအသင်းသို့ အငှားသွားရောက်ကစားခဲ့ရသည်။

ဂီရာချီရီနီမှာ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီတလီအသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် နာပိုလီအသင်းက စိတ်ဝင်စားပြီး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

နာပိုလီအသင်းဂျာစီကို ဝတ်ဆင်ခွင့်ရမည်ဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်းနှင့် နာပိုလီနှင့်အတူ သွားရမည့် စွန့်စားခန်းများအတွက် မစောင့်နိုင်တော့ကြောင်း ဂီရာချီရီနီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly