ကာလရှည်အနားယူခဲ့ပြီးနောက် မန်ယူနောက်ခံလူ လုခ်ရှော ပြန်ကစားနိုင်ပြီ

ကာလရှည်အနားယူခဲ့ပြီးနောက် မန်ယူနောက်ခံလူ လုခ်ရှော ပြန်ကစားနိုင်ပြီ

ဇူလိုင် ၁၇၊ မန်ချက်စတာ။              ။ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောသည် ဒဏ်ရာကြောင့် ၁၀ လကြာအနားယူခဲ့ရပြီးနောက်တွင် နည်းပြသစ် မော်ရင်ဟို ပထမဆုံးစတင်ကိုင်တွယ်သည့်  ဝီဂန်နှင့်ခြေစမ်းပွဲ၌ ပြန်လည်ပါဝင်ကစားသွားခဲ့သည်။

ဘယ်နောက်ခံလူ လုခ်ရှောသည် ယမန်နှစ်စက်တင်ဘာတွင် ညာဘက်ခြေထောက်အရိုးနှစ်ချောင်းကျိုးသွားပြီးကတည်းက အနားယူနေခဲ့ရသူဖြစ်ပြီး ဝီဂန်နှင့်ပွဲ၌ ပထမဆုံး ပြန်လည်ပါဝင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ဝီဂန်အသင်းပိုင် ဒီဒဗလျူကွင်းတွင်ကစားသောခြေစမ်းပွဲ၌ ယူနိုက်တက်ကစားသမားသစ်များဖြစ်သော ဟင်းနရစ် အမ်ခီတာယန်နှင့် အဲရစ် ဘေလီတို့လည်း ယူနိုက်တက်နှင့်ပထမဆုံးပွဲထွက်အဖြစ် ကစားသွားခဲ့ကြသည်။

ယင်းပွဲတွင် ဝီလ်ကိန်းနှင့်ပါရဲရားတို့၏ ဂိုးများဖြင့် ယူနိုက်တက်က ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ နောက်ထပ်ကစားသမားသစ်တစ်ဦး ဖြစ်သည့် အီဘရာဟီမိုဗစ်မှာ ယူရို ၂၀၁၆ ပြိုင်ပွဲကစားခဲ့ရသောကြောင့် အားလပ်ရက် ခွင့်ပေးထားရသဖြင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။

အလားတူပင် အင်္ဂလန်ကစားသမားများဖြစ်သည့် ရွန်နီ၊ ရက်ရှ်ဖို့ဒ်နှင့် စမောလင်းတို့မှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ယင်းကစား သမားသုံးဦးမှာ ရာသီကြိုတရုတ်ခြေစမ်းပွဲခရီးစဉ်သို့ လိုက်ပါမည်ဖြစ်သော်လည်း ဒေါ့မွန် သို့မဟုတ် မန်စီးတီးနှင့်ကစားမည့် ပွဲ၌ ပါဝင်မည်မဟုတ်ဟု မော်ရင်ဟိုက အတည်ပြုပြောဆိုထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags