လက်စတာကွင်းလယ်လူကန်တီကို ချယ်လ်ဆီးအသင်းခေါ်ယူ

လက်စတာကွင်းလယ်လူကန်တီကို ချယ်လ်ဆီးအသင်းခေါ်ယူ

ဇူလိုင် ၁၇၊ လန်ဒန်။                ။ ချယ်လ်ဆီးအသင်းသည် လက်စတာကွင်းလယ်ကစားသမားကန်တီကို ပေါင်သန်း ၃၀ ဟုယူဆရသော ပြောင်းရွှေ့ကြေးဖြင့် ငါးနှစ်စာချုပ်ချုပ်ဆို   ခေါ်ယူလိုက်ပြီဖြစ်သည်။

ယင်းကွင်းလယ်အဖျက်ကစားသမားသည် ယမန်နှစ်က ကိန်းမှ ပေါင် ၆ သန်းဖြင့် လက်စတာသို့ပြောင်းလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွင် ပွဲ ၄၀ ကစားခဲ့သည်။

အသက် ၂၅ နှစ်ရှိ ကန်တီသည် ယူရို ၂၀၁၆ ဗိုလ်လုပွဲရောက် ပြင်သစ်အသင်းတွင်လည်း အသင်းသားတစ်ယောက်အဖြစ်ပါဝင်ခဲ့ သူဖြစ်သည်။

“ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ စာချုပ်ခွင့်ရလို့ အရမ်းပျော်နေပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါ”ဟု ကန်တီက ပြောသည်။

ကန်တီသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့အတွင်း မာဆေးမှပြောင်းလာသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘက်ချွေယီပြီး နောက် ချယ်လ်ဆီးအသင်းခေါ်ယူသည့် ဒုတိယမြောက် ကစားသမားလည်းဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags