ကလေးသုံးဦးကို အပြစ်ပေးသည့်အနေဖြင့် သဲကန္တရထဲ ပစ်ထားခဲ့သည့် အမေရိကန်စုံတွဲ ဖမ်းဆီးခံရ

ကလေးသုံးဦးကို အပြစ်ပေးသည့်အနေဖြင့် သဲကန္တရထဲ ပစ်ထားခဲ့သည့် အမေရိကန်စုံတွဲ ဖမ်းဆီးခံရ

ဇူလိုင် ၁၅  ။                ။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ အတူနေ စုံတွဲတစ်တွဲသည် ဇူလိုင် ၁၃ ရက်က ၎င်းတို့၏ ကလေးသုံးဦးကို  အပြစ်ပေးသည့်အနေဖြင့် ရေနှင့် ဖိနပ်မပေးဘဲ  ပူပြင်းလွန်းလှသော Mojave သဲကန္တရထဲ၌ ပစ်ထားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

အသက် ၃၄ နှစ်ရှိ မာရီဘယ်လ်ဆိုသူ အမျိုးသမီးနှင့် သူမ၏ အတူနေချစ်သူ အသက် ၂၉ နှစ်ရှိ ဂယ်ရီကက်ဆယ်လ်တို့ကို ဆန်ဘာနာဒီနိုကောင်တီ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဖြင့် စွဲချက်တင်ထားသည်ဟု သိရသည်။

မစ္စ ဘယ်လ်မှာ ကလေးငယ်များ၏ မိခင်းရင်းတော်စပ်သူဖြစ်သည်ဟု ရဲများက ပြောသည်။ အသက် ၇ နှစ်ရှိ မိန်းကလေးငယ်လေးနှင့် အသက် ၆ နှစ် နှင့် ငါးနှစ် ရှိ ယောကျ်ားလေးငယ်နှစ်ဦးတို့ကို သဲကန္တရအနီး ဖြတ်သွားသော ကားဒရိုင်ဘာတစ်ဦးက တွေ့ရှိကာ အာဏာပိုင်များထံသို့အကြောင်းကြား ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ကလေးသုံးဦးမှာ ပူးပြင်းလွန်းလှသော သဲကန္တရထဲတွင် ဖိနပ်မပါ ရေမရှိပဲ ၄၅ မိနစ်ခန့် လျှောက်သွားနေကြရသည်ဟု သိရသည်။ ယင်းအချိန်က အပူချိန်မှာ ၁၀၀ ဒီဂရီခန့် ရှိနိုင်သည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။

ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေပြီးယခုအခါ ပြည်နယ်အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags