နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်သစ်သမ္မတ ပြင်းပြင်းထန်ထန် ရှုံ့ချ

နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်သစ်သမ္မတ ပြင်းပြင်းထန်ထန် ရှုံ့ချ

ဇူလိုင် ၁၅။               ။ ပြင်သစ်နိုင်ငံ နိုက်စ်မြို့တွင်ဖြစ်ပွားခဲ့သော ထရပ်ကားဖြင့် လူအုပ်ထဲ ဝင်တိုက်ခဲ့မှုဖြစ်စဉ်မှာ “အကြမ်းဖက်တိုက်ခိုက်မှု” လုပ်ရပ်တစ်ခုဖြစ်သည်ဟု ရှင်းလင်းကြောင်း သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက ဇူလိုင်လ ၁၅ ရက်တွင် ပြစ်တင်ပြောကြားလိုက်သည်။ ဇူလိုင်လ ၁၅ ရက်တွင် ၎င်းအနေဖြင့် နိုင်ငံရှိ ကာကွယ်ရေးနှင့်လုံခြုံရေး အရာရှိများနှင့် အစည်းအဝေး ထိုင်သွားမည်ဟုလည် ဟော်လန်ဒီက ပြောဆိုသွားသည်။

 အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံးလူပေါင်း ၈၀ သေဆုံးသွားခဲ့ရသည်။

ယခုအခါတွင် ပြင်သစ်မြေပေါ်တွင် ၁၈ လတာအတွင်းသုံးကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ စီစဉ်လုပ်ဆောင်သည်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သမ္မတဟော်လန်ဒီကမူ အီရတ်နှင့် ဆီးရီးယားတို့ရှိ အိုင်အက်စ်တို့အပေါ် တိုက်ခိုက်ရာတွင် နိုင်ငံ၏ အခန်းကဏ္ဍကို တိုးမြင့်သွားမည်ဟု ပြောကြားသွားခဲ့သည်။

“ အကြမ်းဖက်မှုကို အမြစ်ဖြတ် တိုက်ဖျက်သွားလိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကို ဘယ်အရာကမှ ချိုးနှိမ်လို့မရပါဘူး၊ အိုင်အက်စ်တွေကို ကျွန်တော်တို့ တိုးမြင့်ချေမှုန်းသွားမှာပါ၊ ခုလို ကျွန်တော်တို့မြေပေါ်မှာ လာပြီး အကြမ်းဖက်နေသူတွေကိုလဲ ဆက်လက်တိုက်ခိုက်နှိမ်နင်းသွားမှာပါ” ဟု သမ္မတ ဟော်လန်ဒီက ပြောကြားသွားသည်။

ယခုဖြစ်စဉ်တွင် သေဆုံးသွားသူများထဲ၌ ကလေးငယ်အများစုပါဝင်နေခဲ့ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly