ဇူလိုင် ၁၃၊ လန်ဒန်။ ။ ဝက်စ်ဟမ်းအသင်းသည် ကိုလံဘီယာတိုက်စစ်မှူး ကားလို့စ်ဘက်ကာကိုခေါ်ယူနိုင်ရန်အတွက် အေစီမီလန်အသင်းနှင့် ဆွေးနွေး နေသည်။
ပေါင် ၂၆ သန်းတန်ကြေးရှိသည်ဟုသတင်းထွက်နေသည့် အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ရာသီက ဆီဗီလာမှ အေစီမီလန်သို့ ပေါင် ၂၁ သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး အီတလီကလပ်အေစီမီလန်အသင်းအတွက် ပထမဆုံးရာသီတွင် ၂၁ ဂိုးသွင်းထားသည်။
ဘက်ကာသည် ပြီးခဲ့သည့်ကိုပါအမေရိကရာပြည့်ဖလားဆီမီးဖိုင်နယ်ရောက် ကိုလံဘီယာအသင်းအတွက်လည်း နှစ်ဂိုးသွင်းယူ နိုင်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် နွေရာသီအပြောင်းအရွှေ့အတွင်း ဖက်ဟူလီ၊ နော့ဒ်ဗီယက်၊ မာတီနက်ဇ်နှင့် ဂေါ့ကန်တိုရေးတို့ကို ခေါ်ယူထားပြီးဖြစ်သည်။
ဂျာမနီဖွား တူရကီတောင်ပံကစားသမားတိုရေးသည် ဘီဆစ်တပ်မှ တစ်ရာသီအငှားစာချုပ်ဖြင့်ရောက်ရှိလာသူဖြစ်ပြီး အပြီးသတ် ခေါ်ယူခြင်းခံရနိုင်ဖွယ်လည်းရှိနေသည်။
Ref; BBC