ဆိုးလ်၊ ဇူလိုင် ၁၁ ။ ။ တောင်ကိုရီးယား ရော့ခ်တေးဂီတအဖွဲ့ CNBLUE အဖွဲ့ဝင် ကောင်မင်ဟွတ်ခ်နှင့် မင်းသမီး ဂျောင်ဟေးဆောင်တို့ တွဲနေသည်မှာ မဟုတ်ကြောင်း FNC အင်တာတိန်းမန့်က ငြင်းဆိုခဲ့သည်။
FNC အင်တာတိန်းမန့် အေဂျင်စီမှ အနုပညာရှင်နှစ်ဦး တွဲနေသည်ဟု မီဒီယာတစ်ခုက သတင်း ထုတ်ပြန်ခဲ့သော်လည်း FNC က ယင်းထုတ်ပြန်သည့် သတင်းများအားလုံးသည် မဟုတ် ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မင်ဟွတ်ခ်နဲ့ ဂျောင်ဟေးဆောင်တို့နှစ်ဦး တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့နှစ်ဦးဟာ သက်တူရွယ်တူတွေဖြစ်ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ” ဟု FNC အင်တာတိန်းမန့်က OSEN ကို ပြောကြားခဲ့သည်။
FNC အင်တာတိန်းမန့်က ယင်းသတင်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ အလျင်အမြန် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။