ဝေးလ်စ်ရဲ့ ယူရို ၂၀၁၆ အိပ်မက်ကို အဆုံးသတ်ပေးလိုက်တဲ့ ပေါ်တူဂီ

ဝေးလ်စ်ရဲ့ ယူရို ၂၀၁၆ အိပ်မက်ကို အဆုံးသတ်ပေးလိုက်တဲ့ ပေါ်တူဂီ
(ဓာတ်ပုံ - အီးပီအေ)

လိုင်ယွန်မှာ ကစားခဲ့တဲ့ ယူရို ၂၀၁၆ ဆီးမီးဖိုင်နယ်မှာ ပေါ်တူဂီက ဝေးလ်စ်ကို အနိုင်ရရှိခဲ့တာကြောင့် ဝေးလ်စ်ရဲ့ ယူရို ၂၀၁၆ အိပ်မက် အဆုံးသတ်ခဲ့ရပါတယ်။

ရော်နယ်လ်ဒိုနဲ့ နာနီတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပေါ်တူဂီက ဝေးလ်စ်ကို (၂) ဂိုးပြတ်နဲ့ နိုင်ပြီး ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် တက်ရောက်နိုင် ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဂိုးမရှိ သရေကျနေပြီး ဒုတိယပိုင်း ပြန်အစမှာ ထောင့်ကန်ဘောကတစ်ဆင့် ဂယ်ဟယ်ရို ကန်တင်ပေးတာကို စီရော်နယ်လ်ဒိုက (၅၀) မိနစ်မှာ ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ နောက် (၃) မိနစ်အကြာမှာပဲ ရော်နယ်လ်ဒိုရဲ့ ကန်ချက် လမ်းကြောင်းပြောင်းကာ ဒုတိယဂိုးကို နာနီက ထပ်သွင်းခဲ့ပါတယ်။

ကွင်းလယ်လူ ရမ်ဆေး ပွဲပယ်ကြောင့် ဝေးလ်အသင်းဟာ အားပျော့ခဲ့ပါတယ်။ ဒီအဆင့်ကို ရောက်ရှိလာတဲ့ ဝေးလ်တို့အတွက် ယူရို ၂၀၁၆ ဟာ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

အခုပွဲမှာ စီရော်နယ်လ်ဒိုက တစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူး ပလာတီနီရဲ့ ယူရို စံချိန်ဖြစ်တဲ့ သွင်းဂိုး အများဆုံး (၉)ဂိုးနဲ့ တူညီသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ပြင်သစ် (သို့မဟုတ်) ဂျာမနီနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ပွဲရလဒ်

ပေါ်တူဂီ ၂-၀ ဝေးလ်စ်
(ရော်နယ်လ်ဒို ၅၀၊ နာနီ ၅၃ မိနစ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly