ဘိုနုချီအတွက် မန်စီးတီး၏ယူရို ၄၅ သန်းဖြင့်ကမ်းလှမ်းမှုပယ်ချခံရ

ဘိုနုချီအတွက် မန်စီးတီး၏ယူရို ၄၅ သန်းဖြင့်ကမ်းလှမ်းမှုပယ်ချခံရ

ဇူလိုင် ၆၊ မန်ချက်စတာ။            ။ ဘိုနုချီအတွက် မန်စီးတီးအသင်းက ယူရို ၄၅ သန်းဖြင့်ကမ်းလှမ်းလာမှုကို ဂျူဗင်တပ်အသင်းပယ်ချခဲ့သည်ဟု ဂီယန်လူကာ ဒီမာဇီယို သတင်းစာကဖော်ပြခဲ့သည်။

ယင်းသတင်းစာ၏ဖော်ပြချက်တွင် မန်စီးတီးနည်းပြ ဂွာဒီယိုလာသည် ၎င်း၏အသင်းခံစစ်ကို အီတလီလက်ရွေးစင်ကစားသမား ဘိုနုချီဖြင့် အားဖြည့်တည်ဆောက်ရန်ဆန္ဒရှိနေသော်လည်း ကမ်းလှမ်းမှုကို စီရီးအေချန်ပီယံဂျူဗင်တပ်အသင်းက ပယ်ချခဲ့သည် ရေးသားထားသည်။

မန်စီးတီးအသင်းသည် ဘိုနုချီကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းသာမက တစ်နှစ်လုပ်ခ ယူရို ၇ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘိုနုချီသည် ၂၀၁၀ တွင် ဂျီနိုအာမှပြောင်းရွှေ့လာပြီးနောက် ဂျူဗင်တပ်နှင့်အတူ စီးရီးအေချန်ပီယံ ငါးကြိမ်ရရှိထားသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း အီတလီလက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly