ဆော်ဒီက အမေရိကန်ကောင်စစ်ဝန်ရုံးကို အသေခံတိုက်ခိုက်ရန် လာသူ ပေါက်ကွဲမှုဖြစ်၍ သေဆုံး

ဆော်ဒီက အမေရိကန်ကောင်စစ်ဝန်ရုံးကို အသေခံတိုက်ခိုက်ရန် လာသူ ပေါက်ကွဲမှုဖြစ်၍ သေဆုံး

ဂျက်ဒက်၊ ဇူလိုင် ၄ ။               ။ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒက်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် အသေခံတိုက်ခိုက်မည့်သူအဖြစ် သံသယရှိရသူတစ်ဦး ပါလာသည့် ဖောက်ခွဲရေး ပစ္စည်း ပေါက်ကွဲကာ သေဆုံးကြောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။

အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ရှိသော ဗလီသို့ ဦးတည်မောင်းလာသည့် ကားအတွင်းမှ ထိုတိုက်ခိုက်ရေးသမားဟု သံသယရှိရသူကို ရဲနှစ်ဦးက ဝင်ရောက်ဖမ်းဆီးစဉ် ပေါက်ကွဲမှုဖြစ်ရာ ထိုရဲနှစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုက အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သော ဇူလိုင် ၄ ရက် အစောပိုင်းနာရီတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ဂျက်ဒက်က အမေရိကန်ကောင်စစ်ဝန်ရုံးသည် ၂၀၀၄ ခုနှစ်အတွင်းကလည်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် လူ ကိုးဦးသေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly