အီးယူက ဗြိတိန်ခွဲထွက်မှုကို လန်ဒန်တွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

အီးယူက ဗြိတိန်ခွဲထွက်မှုကို လန်ဒန်တွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

လန်ဒန်၊ ဇူလိုင် ၂ ။             ။ ဥရောပသမဂ္ဂ အီးယူမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ဗြိတိန်နိုင်ငံက ခွဲထွက်မှုကို လန်ဒန်မြို့အနှံ့ ထောင်ပေါင်းများစွာသော ပြည်သူများက စီတန်းလှည့်လည်ကာ ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။

လူမှုမီဒီယာက တစ်ဆင့်စည်းရုံးလှုံ့ဆော်ကာ "ဥရောပအတွက် ချီတက်စို့" ဟူသော လူစုလူဝေးလှည့်လည်မှုကို လုပ်ဆောင်ကြခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ပြသသူများက "အီးယူနှင့် ဗြိတိန်တွဲရေး(Bremain)"နှင့်  "ငါတို့ချစ်တဲ့ အီးယူ"စသည့် ပိုစတာများ ကိုင်ဆွဲကာ ချီတက်လှည့်လည်ခြင်းဖြစ်သည်။

ဇွန် ၂၃ ရက်က ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အီးယူမှ ခွဲထွက်မဲ ၅၂ မဲနှင့် အီးယူနှင့် တွဲရေးမဲက ၄၈ မဲ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲ ရလဒ်ထွက်ပေါ်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ရာထူးက နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်တစ်ကြိမ် ဆန္ဒခံယူပွဲကျင်းပပေးရန် လက်မှတ်ထိုးတောင်းဆိုသည့် အွန်လိုင်းလှုံ့ဆော်မှုများ ရှိသကဲ့သို့ လန်ဒန်လွတ်လပ်ရေးနှင့် အီးယူနှင့် လန်ဒန်တွဲရေး လုပ်ဆောင်ရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly