စပိန်တိုက်စစ်မှူးနိုလီတိုကို လေးနှစ်စာချုပ်ဖြင့် မန်စီးတီးအသင်းခေါ်ယူ

စပိန်တိုက်စစ်မှူးနိုလီတိုကို လေးနှစ်စာချုပ်ဖြင့် မန်စီးတီးအသင်းခေါ်ယူ

ဇူလိုင် ၁၊ မန်ချက်စတာ။           ။ မန်စီးတီးအသင်းသည် စပိန်တိုက်စစ်မှူးနိုလီတိုကို လေးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။ မန်စီးတီးအသင်းအနေဖြင့် နိုလီတို၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၃ ဒသမ ၈ သန်းကို ဆယ်လ်တာဗီဂိုအသင်းထံပေးရန် သဘောတူပြီးနောက် စာချုပ်နိုင် ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာသည် ဒေါ့မွန်အသင်းထံမှ ဂွန်ဒိုဂန်ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်သကဲ့သို့ သြစတြေးလျ ကွင်းလယ်လူ အာရွန်မွိုင်းကိုလည်း ခေါ်ယူထားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ နိုလီတိုသည် ယူရို ၂၀၁၆ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှထွက်ခဲ့ရသော စပိန်အသင်းအတွက် ပွဲစဉ်လေးပွဲ စလုံး ပါဝင်ကစားခဲ့သူဖြစ်သည်။

“ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်လို့ ထင်ပါတယ်။ နည်းစနစ်ကြွယ်ဝပြီး ကျွန်တော့်ကို ကစား သမားတစ်ယောက်အဖြစ် တိုးတက်အောင်ကူညီပေးပါလိမ့်မယ်။ ကျွန်တော့်ဆီက အကောင်းဆုံးစွမ်းဆောင်ရည်ကို သူထုတ်ယူ နိုင်လိမ့်မယ်”ဟု အမည်ရင်း မန်နူရယ် အဂူဒို ဒါရန် ဖြစ်သော နိုလီတိုက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly