ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ပြီး ပေါ်တူဂီ ဆီမီးဖိုင်နယ် တက်

ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ပြီး ပေါ်တူဂီ ဆီမီးဖိုင်နယ် တက်
(ဓာတ်ပုံ - အီးပီအေ)

ယူရို-၂၀၁၆ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီက ပင်နယ်တီ အဆုံးအဖြတ်မှာ ပိုလန်ကို နိုင်ပြီး ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်ကို (၄) ကြိမ်မြောက် ရောက်ရှိခဲ့ပါတယ်။

ပိုလန်အသင်းအတွက် အဖွင့်ဂိုးကို ဂရော့ဆစ်ကီရဲ့ ပေးပို့မှုကနေ လီဝန်ဒေါစကီးက ပွဲချိန် (၂) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် (၃၃) မိနစ်မှာ ပေါ်တူဂီရဲ့ ဆယ်ကျော်သက် ကစားသမား ရီနာတိုဆန်းချက်စ်က နာနီ ဖန်တီးပေးတာကို ဂိုးဧရိယာထိပ်ကနေ  သွင်းယူပြီး ချေပခဲ့ပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ပုံမှန်ပွဲချိန်တွေမှာ ထူးထူးခြားခြား (၄) ပွဲဆက် နိုင်ပွဲမရရှိသေးတာကို တွေ့ရပါတယ်။ အုပ်စု ပွဲစဉ် (၃) ပွဲစလုံး သရေကစားပြီး အဆင့် (၃) နေရာနဲ့ (၁၆) သင်း အဆင့် ရှုံးထွက်ကို တက်လာခဲပါတယ်။ ရှုံးထွက်အဆင့်မှာလည်း ခရိုအေးရှားကို အချိန်ပိုမှသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ယူရိုပြိုင်ပွဲတစ်ခုမှာ ဘယ်အသင်းမှ မိနစ် (၉၀) အတွင်း နိုင်ပွဲမရရှိသေးတဲ့ အရေအတွက်လဲဖြစ်ပါတယ်။

ပုံမှန် မိနစ် (၉၀) အတွင်း နှစ်သင်းလုံး ဂိုးထပ် မသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ပါတယ်။ အချိန်ပိုမှာတော့ ကွာရက်စ်မာ၊ မော်တင်ဟိုတို့ ထည့်ကစားလာတဲ့ ပေါ်တူဂီဟာ ကစားပုံ ပိုကောင်းလာခဲ့သလို ပိုလန်အသင်းကလည်း ဂိုးရဖို့ ပိုပြီး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပိုမှာလည်း ဘယ်အသင်းမှ ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly