အက်သလက်နောက်ခံလူ အယ်လ်ဒါ၀ီရက်ကို စပါး ခေါ်ယူ

အက်သလက်နောက်ခံလူ အယ်လ်ဒါ၀ီရက်ကို စပါး ခေါ်ယူ

လန်ဒန်၊ ဇူလိုင် ၈။ ။ စပါးအသင်းသည် အက်သလက်တီကိုအသင်းမှ ဘယ်လ်ဂျီယံနောက်ခံကစားသမား တိုဘီအယ်လ်ဒါဝီရက်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။ စပါးအသင်းသည် အယ်လ်ဒါဝီရက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အယ်လ်ဒါဝီရက်သည် ပြီးခဲ့သည့်ရာသီက အက်သလက်အသင်းမှ ဆောက်သမ်တန်အသင်းသို့ လာရောက်ကစားခဲ့ပြီး ၂၃ ပွဲတွင် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ဆောက်သမ်တန်အသင်းသည် အယ်လ်ဒါဝီရက်ကို အငှားစာချုပ်ကုန်ဆုံးချိန်တွင် ပေါင် ၆ ဒသမ ၈ သန်းဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်ခဲ့သော်လည်း အက်သလက်အသင်းက ငြင်းပယ်ခဲ့ပြီး စပါးအသင်းထံသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ကိုလုံးနောက်ခံလူ ကီဗင်ဝင်မာ၊ ဘန်လေနောက်ခံလူ ထရစ်ပီယာတို့ပြီးနောက် အယ်လ်ဒါဝီရက်သည် စပါးအသင်း၏ တတိယမြောက် ခေါ်ယူမှု ဖြစ်သည်။ ထို့အပြင် ဗာတွန်ဂန်၊ ဒမ်ဘီလီနှင့် ချက်ဒ်လီတို့ပြီးနောက် စတုတ္ထမြောက် ဘယ်လ်ဂျီယံ ကစားသမားလည်း ဖြစ်သည်။

'စပါးကစားသမားဖြစ်လာခဲ့လို့ ဂုဏ်ယူပါတယ်။ ဒီအသင်းကို ရောက်လာရလို့ ပျော်ပါတယ်။ စပါးနဲ့အတူ အံ့အားသင့်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ ဗာတွန်ဂန်၊ ဒမ်ဘီလီနဲ့ ချက်ဒ်လီတို့ဆီကနေ စပါးအသင်းအကြောင်းကို အများကြီး သိပြီးပါပြီ' ဟု အယ်လ်ဒါဝီရက်က ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly