နသန်ရက်ဒ်မွန်းကို ဆောက်သမ်တန်အသင်းခေါ်ယူ

နသန်ရက်ဒ်မွန်းကို ဆောက်သမ်တန်အသင်းခေါ်ယူ

ဇွန် ၂၆၊ ဆောက်သမ်တန်။            ။ ဆောက်သမ်တန်အသင်းသည် နော့ရစ်ချ်တောင်ပံကစားသမား နသန်ရက်ဒ်မွန်းကို ပေါင် ၁၀ သန်းဟုယူဆရသော မဖော်ပြ သည့် ပြောင်းရွှေ့ကြေးဖြင့်   ခေါ်ယူလိုက်သည်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်တစ်ယောက်ဖြစ်သည့် ရက်ဒ်မွန်းသည် စိန့် (ဆောက်သမ်တန်) အသင်းနှင့် ငါးနှစ်စာချုပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့ရသော နော်ရစ်ချ်အသင်းသည် အသက် ၂၂ အရွယ်ကစားသမားကို ၂၀၁၃ ဇူလိုင်တွင် ဘာမင်ဂမ်အသင်းထံမှ ပေါင် ၃ ဒသမ ၂ သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“သူတို့က တိုက်စစ်အားသန်တဲ့အသင်းဖြစ်လို့ ကျွန်တော်နဲ့အံကိုက်ပဲလို့ ထင်တယ်။ ကျွန်တော့်ကို စိတ်ဝင်စားတယ်လို့ ဆောက်သမ်တန်ကပြောလာကတည်းက ကျွန်တော့်အတွက်သင့်တော်တဲ့ အပြောင်းအရွှေ့လို့ ခံစားမိတယ်။ ကျွန်တော်ဒီမှာ တိုးတက်နိုင်ပါတယ်”ဟု ရက်ဒ်မွန်းက ပြောသည်။

ဘာမင်ဂမ်ဖွား ရက်ဒ်မွန်းသည် နောရစ်ချ်တွင် သုံးနှစ်တာကာလအတွင်း ၁၂၂ ပွဲကစားပြီး ၁၃ ဂိုးသွင်းနိုင်ခဲ့သည်။ ၎င်းသည် စိန့် အသင်းမှ ဂျိမ်းစ်ဝက်ဒ်ပရိုဆီ၊ ဂျက်စတီဖင်၊ မတ်တားဂတ်တို့နှင့်အတူ အင်္ဂလန်ယူ-၂၁ ကစားသမားအဖြစ် ယခုနှစ်နွေရာသီ အစောပိုင်းတွင် တူလွန်ပြိုင်ပွဲကစားထားသူဖြစ်သကဲ့သို့ သက်တမ်းအလိုက်အင်္ဂလန်လက်ရွေးစင်အဆင့်တိုင်းတွင် ကစားခွင့်ရခဲ့ သူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly