အမေရိကန်ရေကြီးမှု မွေးကင်းစကလေး အပါအဝင် လူ ၂၀ သေဆုံး

အမေရိကန်ရေကြီးမှု မွေးကင်းစကလေး အပါအဝင် လူ ၂၀ သေဆုံး

နယူးယောက်၊ ဇွန် ၂၅ ။          ။ အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားတွင် ရေကြီးမှုဖြစ်၍ ရှစ်နှစ်အရွယ်ယောက်ကျားလေးတစ်ဦးနှင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် လူ ၂၀ အနည်းဆုံးသေဆုံးကြောင်း ပြည်နယ်တာဝန်ရှိသူများက ထုတ်ပြန်သည်။

မုန်တိုင်းနှင့် ရေကြီးမှုကြောင့် ယင်းပြည်နယ်တစ်နှံ့တစ်လျား ပျက်စီးမှုများဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တွမ်ဘလင်းက ပြောသည်။
ပြည်နယ်စီရင်စု ၅၅ ခုတွင် ၄၄ ၌ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ရှော့ပင်းစင်တာတစ်ခု၌ လူ ၅၀၀ ခန့် ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးများ ဆောင်ရွက်နေပြီး အခြားနယ်မြေများတွင်လည်း အနှံ့အပြား ကယ်ဆယ်ရေးများ လုပ်ဆောင်နေရလျက်ရှိသည်။
ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်ခြေပေါင်း ၁၀၀ ကျော်ထက်မနည်းရှိပြီး ပြည်နယ်နေရာအများစုတွင် မိုးရေချိန် ကိုးလက်မအထိ ရွာသွန်းပြီး မုန်တိုင်းကြောင့်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်သည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အမျိုးသားအစောင့်တပ်ဖွဲ့စစ်သား ၂၀၀ ဖြင့် ဆောင်ရွက်နေပြီး စီရင်စုရှစ်ခုတွင် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး တွမ်ဘလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly