နယူးယော့ခ် ၊ ဇူလိုင် ၂၄ ။ ။ One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်လ်သည် One Direction အဖွဲ့ နောက်ကွယ်ရှိ ကိုလံဘီယာ တေးသံသွင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သတင်းအရင်းမြစ်များက ပြောကြား သည်။
စာချုပ်သက်တမ်းသည် ဘယ်လောက်ကြာသည်ကို ယခုအချိန်ထိ မသိရသေးကြောင်းနှင့် တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် အစီစဉ်ရှိမရှိနှင့် စပ်လျဉ်း၍လည်း မသိရသေးကြောင်း သတင်း အရင်းမြစ်များက ပြောကြားသည်။
ဟယ်ရီစတိုင်လ်သည် ပြီးခဲသည့်နှစ်က တေးသီချင်းလေးပုဒ်ကို ရေးသားခဲ့ပြီး အမေရိကန် တေးရေးဆရာများ၊ စာရေးဆရာများနှင့် ထုတ်ဝေသူများ အဖွဲ့အစည်း ( ASCAP)တွင် မှတ်ပုံတင်ခဲ့ သည့်အချိန်က တစ်ကိုယ်တော် အဆိုတော်အဖြစ် လျှောက်လှမ်းသွားမည်ဟု ပထမဆုံးအကြိမ် အရိပ်အမြွှက် ပြောကြားခဲ့သည်။
ဟယ်ရီစတိုင်သည် လက်ရှိအချိန်တွင် ဒုတိယကမ္ဘာစစ် ဒရမ်မာဇာတ်ကား “Dunkirk” တွင် ပါဝင်သရုပ်ဆာင်လျက်ရှိသည်။ ဟယ်ရီစတိုင်လ်သည် မတ်လက CAA အမှုဆောင်ဟောင်း ဂျက်ဖရီ အဇော့ဖ် ဦးဆောင်လုပ်ကိုင်နေသော Full Stop Management ကုမ္ပဏီတွင် လုပ်ဆောင်ခဲ့သည်။
ဟယ်ရီစတိုင်၏ ကိုယ်စားလှယ်သည် စာချုပ်ချုပ်ဆိုမှုနှင့် စပ်လျဉ်း၍ ယခုအချိန်ထိ မှတ်ချက်ပြု ပြောကြားခြင်းများ မရှိသေးပေ။