အီးယူနှင့် တွဲရေးခွဲရေး ဗြိတိန်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ

အီးယူနှင့် တွဲရေးခွဲရေး ဗြိတိန်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ

လန်ဒန်၊ ဇွန် ၂၃ ။              ။ ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂ အီးယူတွင် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်မည်၊ နုတ်ထွက်မည် သဘောထားကောက်ခံသည့် သမိုင်းဝင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ကျင်းပလျက်ရှိသည်။

မဲရုံများကို ဗြိတိန်စံတော်ချိန် နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

အီးယူမှ တွဲရေးခွဲရေးအတွက် မဲပေးမည့် ပြည်သူပေါင်းမှာ ၄၆၄၉၉၅၃၇ ဦးရှိရာ ဗြိတိန်တွင် မဲပေးမှုများ၌ စံချိန်တင် မဲပေးမှုတစ်ရပ်လည်းဖြစ်သည်။
ဗြိတိန်၏ သမိုင်းတွင် သုံးကြိမ်မြောက် ပြုလုပ်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်းဖြစ်သည်။

ယင်းဆန္ဒခံယူပွဲအတွက် အီးယူမှ ထွက်ခွာရေး၊ မထွက်ခွာရေး စည်းရုံးလှုံ့ဆော်မှုများကိုလည်း လေးလကြာ ပြုလုပ်ပြီး ယနေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ကျင်းပခြင်းဖြစ်သည်။
မဲရလဒ်များကို ရွေးကောက်ပွဲကော်မရှင်က ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ရန် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly