စပိန်တိုက်စစ်မှူး နိုလီတိုကို မန်စီးတီးခေါ်ယူရန် သဘောတူညီမှု ရရှိ

စပိန်တိုက်စစ်မှူး နိုလီတိုကို မန်စီးတီးခေါ်ယူရန် သဘောတူညီမှု ရရှိ

ဇွန် ၂၂၊ အင်္ဂလန် ။              ။ စပိန်အသင်းနှင့်အတူ ယူရိုပြိုင်ပွဲဝင်နေသည့် ဆယ်တာဗီဂိုတိုက်စစ်မှူး နိုလီတိုကို ခေါ်ယူရန် မန်စီးတီးအသင်းနည်းပြသစ် ဂွါဒီယိုလာက သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

မန်စီးတီးအသင်းက နိုလီတိုကို စာချုပ်ပါလျော်ကြေးငွေအတိုင်း ယူရို ၁၈ သန်းပေးချေကာ သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူမည်ဖြစ်သည်။ လက်ရှိတွင် နိုလီတိုမှာ ယူရိုပြိုင်ပွဲဝင်နေသည့်အတွက် အပြောင်းအရွှေ့ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ ပြိုင်ပွဲအပြီးတွင်မှ စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

နည်းပြ ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရရှိစဉ်ကလည်း နိုလီတိုကို ဘာစီလိုနာ(ဘီ)အသင်းမှ အသင်းကြီးသို့ ခေါ်ယူခဲ့သလို ယခု မန်စီးတီးနည်းပြဖြစ်လာသည့်အချိန်တွင်လည်း ပထမဆုံးတိုက်စစ်မှူး ခေါ်ယူမှုအဖြစ် နိုလီတိုကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ နိုလီတိုသည် စပိန်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားထားရာတွင် ငါးဂိုးသွင်းယူထားနိုင်သူ ဖြစ်သည်။ ယခုယူရိုပြိုင်ပွဲတွင် စပိန်အသင်းအတွက် တစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly