တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် ဆိုဟွန်းသည် တရုတ် ဒရမ်မာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ဆိုဟွန်း၏ စီမံခန့်ခွဲမှု အေဂျင်စီ SM Entertainmentသည် တရုတ် ဒရမ်မာဇာတ်ကားသစ်တွင် ဆိုဟွန်းက ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည် ဟူသော သတင်းများကို ဇွန် ၂၀ ရက်က ငြင်းဆိုခဲ့သည်။
“ဆိုဟွန်းဟာ ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်။ ကျွန်တော်တို့ဟာ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ သူမဟာ ဒီဒရမ်မာဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြု ပြောကြားခဲ့ခြင်း မရှိပါဘူး” ဟု SM Entertainment အေဂျင်စီက ပြောကြားခဲ့သည်။
ဆိုဟွန်းသည် တေးဂီတပေါ်တွင် အဓိကထား အာရုံစိုက် လုပ်ဆောင်လျက်ရှိပြီး ရုပ်ရှင်နှင့် ဇာတ်ကားများတွင် တဖြည်းဖြည်း ဝင်ရောက် လုပ်ဆောင်လျက်ရှိသည်။