အင်္ဂလန်အသင်း သရေကျပြီး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်တက်

အင်္ဂလန်အသင်း သရေကျပြီး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်တက်
(ဓာတ်ပုံ - အီးပီအေ)

အုပ်စု (ခ) နောက်ဆုံးပွဲစဉ်မှာ မန်နေဂျာ ဟော့ဒ်ဆန်ရဲ့ လူအပြောင်းအလဲတွေများစွာ လုပ်ထားတဲ့ အင်္ဂလန်ဟာ ဆလိုဗက်ကီးယားကို ဂိုးမရှိ သရေကျခဲ့လို့ ရှုံးထွက်အဆင့်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဟော့ဒ်ဆန်က အသင်းခေါင်းဆောင် ရွန်နီကို အနားပေးထားတဲ့အပြင် လူစာရင်းမှာ အပြောင်းအလဲ (၆) နေရာထိပြုလုပ်ထားပြီး ဆလိုဗက်ကီးယားကို ရင်ဆိုင်ကစားစေခဲ့ပါတယ်။

အင်္ဂလန်အသင်းက ပထမပိုင်းမှာ ဗာဒီနဲ့ လာလနာတို့ရဲ့ အပိုင်ကန်သွင်းခွင့်တွေကို ဆလိုဗက်ကီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ပိုမိုရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အင်္ဂလန်အသင်းက ဂိုးရရှိဖို့အတွက် ရူနီ၊ ကိန်းနှင့် အာလီတို့ကို ထည့်ပြီး လူစားလဲကစားခဲ့ပေမယ့် ဂိုးသွင်းနိုင်ခြင်းမရှိပဲ သရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အုပ်စု (ခ) မှာ အင်္ဂလန်ကရမှတ် ရမှတ် (၅) မှတ်နဲ့ အုပ်စု ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီး ဝေးလ်က အုပ်စု ပထမရရှိတာကြောင့်
အင်္ဂလန်ဟာ နောက်တစ်ဆင့်မှာ အုပ်စု (စ) က ဒုတိယရတဲ့ အသင်းနဲ့ တနင်္လနေ့မှာ ကစားရမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်

အင်္ဂလန် ဝ-၀ ဆလိုဗက်ကီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly