မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအတွက် ဆွီဒင်က ဒေါ်လာ သိန်း ၃၀ ကျော် ထောက်ပံ့

မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအတွက် ဆွီဒင်က ဒေါ်လာ သိန်း ၃၀ ကျော် ထောက်ပံ့

မြန်မာနိုင်ငံအတွင်း လုပ်ဆောင်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်း UNDP လုပ်ငန်းများအတွက် ဆွီဒင်က အမေရိကန်ဒေါ်လာ ၃၆၀,၀၅၅၂ ဒေါ်လာဝန်းကျင်နှင့် ညီမျှသော ဆွီဒင်ကရိုနာ သန်း ၃၀ ကို ထောက်ပံ့ကြောင်း အစိုးရပိုင်သတင်းတွင် ဖော်ပြသည်။

ဒီမိုကရေစီအုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးများအပါအဝင် မြန်မာနိုင်ငံဖွံ့ဖြိုးမှု နယ်ပယ်များအတွက် ဆွီဒင်၏ အထောက်အပံ့က အကူအညီဖြစ်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း ဆွီဒင်ကရိုနာ သန်း ၃၀ ကို ကူညီထောက်ပံ့ပြီးဖြစ်ပြီး ယခုအကြိမ်က ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ဆွီဒင်၏ ထည့်ဝင်ရန်ပုံငွေနှင့်အတူ UNDP ၏ မြန်မာပြည်တွင်း လုပ်ငန်းစဉ်များသည် အမျိုးသမီးများ ပါဝင်မှု ခိုင်မာပြီး မြန်မာ့ပြည်တွင်းအုပ်ချုပ်ရေးမဏ္ဍိုင် တိုးတက်ကောင်းမွန်ရေးကို ကူညီဖြည့်ဆည်းပေးလျက်ရှိနေကြောင်း UNDP မှ ပြည်တွင်းဒါရိုက်တာ Toily Kurbanov က ပြောသည်။

"ဆွီဒင်နဲ့ မိတ်ဖက်ပြုခြင်း အကျိုးအမြတ်က UNDP အနေနဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်လုပ်ငန်းစဉ်တွေနဲ့ တရားစီရင်ရေးအပိုင်းတွေမှာ ပြည်သူကို ပိုမိုအလုပ်အကျွေးပြုနိုင်ရေးတို့ကို အကူအညီပေးနေရာ ပိုပြီးအားကောင်းစေပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags