လီဝန်ဒေါစကီး ပရီးမီးယားလိဂ်သို့ပြောင်းဖွယ်ရှိဟု သတင်းများထွက်ပေါ်

လီဝန်ဒေါစကီး ပရီးမီးယားလိဂ်သို့ပြောင်းဖွယ်ရှိဟု သတင်းများထွက်ပေါ်

ဇွန် ၁၇၊ လန်ဒန်။    ။ ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးမှာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

အင်္ဂလန်သတင်းဝက်ဘ်ဆိုက်ဒေးလီးမေးလ်တွင်  လီဝန်ဒေါစကီးမှာ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ ရန်စိတ်အားထက်သန်နေသော်လည်း ပရီးမီးယားလိဂ်တွင် လည်းလာ ရောက်ကစားရန်လမ်းဖွင့်ထားဆဲဖြစ်သည်ဟု ဖော်ပြထားသည်။ လီဝန်ဒေါစကီး၏ လက်ရှိအခြေအနေမှာ ၎င်းကို အလိုရှိနေသည့် ဆရာဟောင်းများဖြစ်သော မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်တို့အတွက် အခွင့်အရေးတစ်ရပ်ဖြစ်နေသည်။

လီဝန်ဒေါစကီးမှာ ၂၀၁၄ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပွဲပေါင်း ၆၃ပွဲကစားထားပြီး ၄၇ဂိုးရရှိထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly