ဘင်ဖီကာကွင်းလယ်လူ ဂိုင်တန်ကို အက်သလက်တီကိုအသင်း ခေါ်ယူရန် သဘောတူညီမှု ရရှိ

ဘင်ဖီကာကွင်းလယ်လူ ဂိုင်တန်ကို အက်သလက်တီကိုအသင်း ခေါ်ယူရန် သဘောတူညီမှု ရရှိ

ဇွန် ၁၇၊ စပိန် ။            ။ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုအသင်းသည် ဘင်ဖီကာကွင်းလယ်ကစားသမား နီကိုလပ်စ်ဂိုင်တန်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

မန်ယူအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည့် ဂိုင်တန်ကို အက်သလက်တီကိုအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၉ ဒသမ ၇၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဂိုင်တန်သည် လက်ရှိတွင် အာဂျင်တီးနားအသင်းနှင့်အတူ အမေရိကန်နိုင်ငံ၌ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲအပြီးတွင်မှ အသေးစိတ်အချက်အလက်များကို အဆုံးသတ်ပြီး စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း အက်သလက်အသင်းက ကြေညာခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဂိုင်တန်သည် ၂၀၁၀ ခုနှစ်က ဘိုကာဂျူနီယာအသင်းမှ ဘင်ဖီကာသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ဘင်ဖီကာအသင်းတွင် ၂၅၂ ပွဲ ကစားထားပြီး ၄၁ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly