ရီးယဲလ်ကွင်းလယ်ကစားသမား ချီရီချက်ဗ်ကို ဗီလာရီးယဲလ် ခေါ်ယူ

ရီးယဲလ်ကွင်းလယ်ကစားသမား ချီရီချက်ဗ်ကို ဗီလာရီးယဲလ် ခေါ်ယူ

ဇွန် ၁၆၊ မက်ဒရစ် ။            ။ ဗီလာရီးယဲလ်အသင်းသည် ရီးယဲလ်အသင်းမှ ရုရှလက်ရွေးစင်ကစားသမား ချီရီချက်ဗ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဝန်းကျင်ဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ရီးယဲလ်အသင်း၏ လူငယ်အကယ်ဒမီမှ ပေါ်ထွက်လာသော ချီရီချက်ဗ်သည် ရီးယဲလ်အသင်းကြီးနေရာမရဘဲ ဆီဗီလာ၊ ဗီလာရီးယဲလ်၊ ဗလင်စီယာအသင်းတို့တွင် အငှားသွားရောက်ကစားခဲ့ရသူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ၎င်းကိုထည့်သွင်းအသုံးပြုခဲ့သောကြောင့် ရီးယဲလ်မှာ ကိုပါဒယ်ရေးပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

‘ချီရီချက်ဗ်အတွက် ဗီလာရီးယဲလ်အသင်းနဲ့ ရီးယဲလ်အသင်းတို့ သဘောတူညီမှု ရခဲ့ပါပြီ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် ဘဝအသစ်မှာ အဆင်ပြေပါစေ’ ဟု ရီးယဲလ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

ချီရီချက်ဗ်ကလည်း သူ့ကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ်သာမက လူသားတစ်ဦးအဖြစ်ပါ ရှင်သန်နိုင်အောင် သင်ကြားပေးခဲ့သည့်အတွက် ရီးယဲလ်အသင်းကို ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင် ရီးယဲလ်အသင်းအောင်မြင်ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly