အိုလံပစ်ပြိုင်ပွဲဝင်ဆွီဒင်အသင်း လူစာရင်းတွင် အီဘရာဟီမိုဗစ်ရွေးချယ်ခံရ

အိုလံပစ်ပြိုင်ပွဲဝင်ဆွီဒင်အသင်း လူစာရင်းတွင် အီဘရာဟီမိုဗစ်ရွေးချယ်ခံရ

မန်ချက်စတာယူနိုက်တက်အသင်း၏ ပစ်မှတ် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အိုလံပစ်ပြိုင်ပွဲဝင်မည့် ဆွီဒင်အသင်း ပဏာမ လူစာရင်းတွင် ရွေးချယ်ခံထားရသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် ယူနိုက်တက်သို့ပြောင်းဖွယ်ရှိသည့် အီဘရာဟီမိုဗစ်သည် နည်းပြဟာကန်အဲရစ်ဆင်၏ ပဏာမ လက်ရွေးစင် ၃၅ ဦးစာရင်းတွင် ရွေးချယ်ခံထားရခြင်းဖြစ်သည်။

ဆွီဒင်ယူ-၂၁ နည်းပြအဲရစ်ဆင်က နောက်ဆုံးလူစာရင်းတွင် အီဘရာဟီမိုဗစ်ကိုရွေးရသည်မှာ သိပ်မကောင်းသော်လည်း မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“ယူရိုပြိုင်ပွဲကစားထားလို့ သိပ်တော့မကောင်းပေမယ့် အီဘရာဟီမိုဗစ်နဲ့ စကားပြောပြီးပါပြီ။ ဒါကသူ့ကစားသမားဘဝမှာ ပုံစံ အသစ်တစ်ခုဖြစ်လို့ ယူရိုပြိုင်ပွဲအပြီးထိ သူ့ဆုံးဖြတ်ချက်ကို စောင့်ပါဦးလို့ပြောပါတယ်။ အီဘရာဟီမိုဗစ်ကို ခေါ်သွားနိုင်မယ်ဆို ရင်တော့ သိပ်ကောင်းမှာပါ”ဟု အဲရစ်ဆင်က ပြောသည်။

အသက် ၃၄ နှစ်ရှိ အီဘရာဟီမိုဗစ်သည် ကစားသမားဘဝတွင်မြင့်မားသောဂိုးသွင်းနှုန်းအဖြစ် ပြီးခဲ့သည့်ရာသီတွင် လိဂ်ဂိုး ၃၈ ဂိုးသွင်းပြီးနောက် ပီအက်စ်ဂျီမှထွက်ခွာခဲ့ကာ ယူနိုက်တက်သို့ပြောင်းမည်ဟု ထင်ကြေးပေးခံနေရသူဖြစ်သည်။

သြဂုတ် ၅ ရက်မှ ၂၂ ရက်ထိကျင်းပမည့် ရီယိုအိုလံပစ်ပြိုင်ပွဲတွင် အသက် ၂၃ နှစ်အောက်သက်မှတ်ထားသော်လည်း အသက်ကျော်ကစားသမား သုံးဦးပါဝင်ကစားခွင့်ပြုထားသည်။

အကယ်၍ အိုလံပစ်ပြိုင်ပွဲတွင်ကစားရန်ဆုံးဖြတ်ခဲ့သကဲ့သို့ ယူနိုက်တက်ကစားသမားလည်းဖြစ်လာခဲ့လျှင် အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်ရာသီအစ အဖွင့်ပွဲနှစ်ပွဲကို လွဲမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly