အင်္ဂလန်ထက် ဝေးလ်အသင်း ပိုကောင်းဟု ရမ်ဆေးယုံကြည်

အင်္ဂလန်ထက် ဝေးလ်အသင်း ပိုကောင်းဟု ရမ်ဆေးယုံကြည်

ဇွန် ၁၅၊ ပြင်သစ်။            ။ ဝေးလ်အသင်းသည် ကြာသပတေးနေ့တွင် ယူရို ၂၀၁၆ အုပ်စုဒုတိယပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် အင်္ဂလန်အသင်းထက် ပိုကောင်းသည်ဟု ဝေးလ်ကွင်းလယ်လူ ရမ်ဆေးကယုံကြည်နေသည်။

ဝေးလ်အသင်းအနေဖြင့် ပြိုင်ဘက်အင်္ဂလန်အသင်းကို ၁၉၈၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်အနိုင်ရမည်ဟု မျှော်လင့်နေ သည်။

ရမ်ဆေးက “အကောင်းဆုံးလူစာရင်းကိုပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့အများကြီး အတူဖြတ်ကျော်ခဲ့ကြတယ်။ ကျွန်တော်တို့ဆုလဒ်တွေကိုရှာဖွေနေတယ်”ဟု ပြောသည်။

ဝေးလ်အသင်းအနေဖြင့်မည်မျှတိုးတက်လာကြောင်းကို ခြေစစ်ပွဲအောင်မြင်အောင်ကစားခြင်းနှင့် အဖွင့်ပွဲတွင် ဆလိုဗက်ကီးယား ကို ၂-၁ ဂိုးဖြင့်အနိုင်ကစားခြင်းတို့ဖြင့် ပြသပြီးဖြစ်သည်ဟုလည်း ၂၅ နှစ်အရွယ်ကစားသမားက ပြောသည်။

အင်္ဂလန်နှင့်ရုရှတို့တစ်ဂိုးစီသရေကျပြီး အုပ်စုဒုတိယနှင့်တတိယနေရာများတွင်ရှိနေစဉ် ဝေးလ်အသင်းမှာ အုပ်စုပထမဖြင့် အုပ်စု (ခ)ကို ဦးဆောင်နေသည်။

ရီးယဲလ်မက်ဒရစ်ကစားသမား ဂါရတ်ဘေးလ်ကလည်း ၎င်း၏ဝေးလ်အသင်းသည် ပြိုင်ဘက်များထက်ပိုပြီး စိတ်ဓါတ်ပြင်းပြ ကြောင်း ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly