ဗလင်စီယာကွင်းလယ်လူ ဖီဂူလီကို ၀က်စ်ဟမ်းအသင်းခေါ်ယူ

ဗလင်စီယာကွင်းလယ်လူ ဖီဂူလီကို ၀က်စ်ဟမ်းအသင်းခေါ်ယူ

ဇွန် ၁၅၊ လန်ဒန် ။            ။ ဝက်စ်ဟမ်းအသင်းသည် ဗလင်စီယာအသင်းမှ အယ်ဂျီးရီးယားကွင်းလယ်ကစားသမား ဖီဂူလီကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဖီဂူလီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် တရုတ်စူပါလိဂ်ကလပ်များနှင့် ဆီဗီလာ၊ အင်တာမီလန်၊ ဗီလာရီးယဲလ်၊ ဖီနာဘာချီအသင်းတို့က   ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ဖီဂူလီက ဝက်စ်ဟမ်းအသင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

‘ဝက်စ်ဟမ်းအသင်းနဲ့ နည်းပြဘီလစ်အတွက် လက်မှတ်ရေးထိုးနိုင်ခဲ့လို့ ကျွန်တော်ပျော်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့သမိုင်းက ကျွန်တော့်အတွက် အရေးပါသလို ဒီကို ပြောင်းရွှေ့လာရခြင်းရဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

ကစားသမားတိုင်းအတွက် ပရီးမီးယားလိဂ်မှာ ကစားရခြင်းက သူတို့ရဲ့ကစားသမားဘဝအတွက် အလွန်အရေးပါ ပါတယ်။ ဝက်စ်ဟမ်းအတွက် ကစားပေးရမှာဖြစ်လို့ တကယ်ပျော်ပါတယ်’ ဟု ဟီဂူအင်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly