သုံးရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့ EXO အဖွဲ့၏ “EX’ACT” တေးအယ်လ်ဘမ်

သုံးရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့ EXO အဖွဲ့၏ “EX’ACT” တေးအယ်လ်ဘမ်

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့၏ တတိယမြောက် တေးအယ်လ်ဘမ် “EX’ACT” သည် ဇွန် ၉ ရက်က ထွက်ရှိပြီးနောက် သုံးရက်အတွင်း အချပ်ရေ ၄၅၀၀၀၀ စံချိန်တင် ရောင်းချနိုင် ခဲ့ကြောင်း ဇွန် ၁၁ ရက်က ကောက်ယူရရှိသော အချက်အလက်များအရ သိရသည်။

EXO အဖွဲ့သည် တေးအယ်လ်ဘမ် ထွက်ရှိပြီး ပထမသီတင်းပတ်တွင် အချပ်ရေရောင်းချမှု သည် မကြုံစဖူး ပမာဏအထိ စံချိန်တင်ရောင်းချခဲ့ရကြောင်း  Hanteo Chart တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့သော EXO အဖွဲ့၏ မီနီတေးအယ်လ်ဘမ် “Sing For You” သည်  အချပ်ရေ ၂၇၀၀၀၀ ချပ်ရေ ရောင်းချခဲ့ရပြီး ပထမသီတင်းပတ် တေးအယ်လ်ဘမ် ရောင်းချရမှု စာရင်းတွင် အရေအတွက်အများဆုံးဖြင့် စံချိန်တင်ခဲ့သည်။

EXO အဖွဲ့သည် လက်ရှိအချိန်တွင် ပထမသီတင်းပတ် တေးအယ်လ်ဘမ် ရောင်းချရမှုဇယား တွင် အချပ်ရေအများဆုံးဖြင့် ပထမနေရာကို ရယူထားသည်။ EXO အဖွဲ့၏ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ သော “EXODUS” တေးအယ်လ်ဘမ်သည် အချပ်ရေ ၂၆၇၂၀၀ ဖြင့် တတိယနေရာ ၊ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော “Miracles in December” တေးအယ်လ်ဘမ်သည် စတုတ္ထနေရာနှင့် ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သော “Love Me Right” တေးအယ်လ်ဘမ်သည် ပဉ္စမနေရာတို့တွင် ရပ်တည်နေသည်။

EXO အဖွဲ့သည် လက်ရှိအချိန်တွင် “Monster” နှင့် “Lucky One” ခေါင်းစီးတေးသီချင်းတို့ကို အရောင်းမြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly