ဗာရတ်တီကို ယူရိုသန်း ၁၀၀ ဖြင့်မန်ယူကမ်းလှမ်းဟု သတင်းထွက်

ဗာရတ်တီကို ယူရိုသန်း ၁၀၀ ဖြင့်မန်ယူကမ်းလှမ်းဟု သတင်းထွက်

ဇွန် ၁၃၊ မန်ချက်စတာ ။              ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ပီအက်စ်ဂျီကွင်းလယ်လူ ဗာရတ်တီကို ယူရိုသန်း ၁၀၀ ဖြင့်ကမ်းလှမ်းရန် အသင့်ဖြစ်နေသည်ဟု အီတလီသတင်းစာ ကော်ရီယာဒယ်လိုစပို့က ဖော်ပြသည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီ ဗန်ဟားလ်လက်ထက်က ပရီးမီးယားလိဂ်အဆင့် ၅ သာရသော ယူနိုက်တက်အသင်းလူစာရင်းကို အပြောင်းအလဲများပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အီဘရာဟီမိုဗစ်ကိုလည်း ပေါင် ၃၄ သန်းတန်စာချုပ်ဖြင့် ကမ်းလှမ်းရန်ပြင်ဆင်နေစဉ်တွင် ယင်းဆွီဒင်တိုက်စစ်မှူးမှာ ပီအက်စ်ဂျီ အသင်းဖော်ဟောင်းဗာရတ်တီနှင့်အတူ အိုးထရက်ဖို့ဒ်သို့လာရောက် ပူးပေါင်းရန် အသင့်ဖြစ်နေသည်ဟု အီတလီတွင် သတင်းများထွက်ပေါ် နေသည်။

ယူနိုက်တက်အသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း နာမည်ကြီးကစားသမားများကို ပြောင်းရွှေ့ကြေးအများအပြားဖြင့် ကြိုးပမ်းနေသည်ဟု သတင်းထွက်နေသော်လည်း ဗီလာရီးယဲလ်ဗဟိုနောက်ခံလူ အဲရစ်ဘေလီတစ်ဦးတည်းကိုသည် ပေါင်သန်း ၃၀ ဝန်းကျင် ဖြင့် တရားဝင်ခေါ်ယူထားနိုင်သေးသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly