ကံတရားကြောင့် နိုင်ပွဲပျောက်နေခြင်းဟု ဇွဲကပင်အသင်း နည်းစနစ်ဒါရိုက်တာ သုံးသပ်

ကံတရားကြောင့် နိုင်ပွဲပျောက်နေခြင်းဟု ဇွဲကပင်အသင်း နည်းစနစ်ဒါရိုက်တာ သုံးသပ်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲတွင် ဇွဲကပင်အသင်းယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - MFF)

ဇွန် ၁၂၊ ရန်ကုန်။           ။ ဇွဲကပင်ယူနိုက်တက်အသင်း နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်းက အသင်းအနေဖြင့် ရှုံးပွဲဆက်နေခြင်းမှာ ကံတရားကြောင့်ဖြစ်သည်ဟု ပြောသည်။

ဇွဲကပင်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ၇ပွဲဆက် နိုင်ပွဲပျောက်နေပြီး ၆ပွဲရှုံး၊ ၁ပွဲသရေ ရလဒ်သာ ရရှိထားသည်။

အသင်းကပွဲတိုင်းအကောင်းဆုံးကစားနိုင်ပေမယ့် ကံမကောင်းပါဘူး။ ကျွန်တော်တို့ရသင့်တဲ့ဂိုးတွေ မရဘူး။ ပွဲတိုင်းနည်းပါး ဂိုးပေးနေရတယ်။ အသင်းအနေနဲ့ တန်းမဆင်းရဖို့အတွက် နိုင်ပွဲပြန်ရဖို့ လိုနေပါပြီ။ ကျွန်တာ်တို့အသင်းရဲ့အဓိကရည်မှန်းချက်ကတော့ တန်းမဆင်းရဖို့ပါ။ ”ဟု ဦးဆန်းဝင်းကပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းမှာ ၂၀၁၀ခုနှစ်တွင် အသင်းစတင်ဖွဲ့စည်းပြီးနောက်လက်ရှိအချိန်အထိ တန်းဆင်းဖူးခြင်းမရှိသောအသင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly