ဖျော်ဖြေပွဲတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ “ The Voice” အဆိုတော် ခရစ္စတီးနာဂရမ်မီ

ဖျော်ဖြေပွဲတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ “ The Voice” အဆိုတော် ခရစ္စတီးနာဂရမ်မီ

ဝါရှင်တန်၊ ဇွန် ၁၁ ။           ။ NBC ရုပ်သံ၏ “ The Voice” သီချင်းဆို ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ အဆိုတော် ခရစ္စတီးနာဂရမ်မီသည် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် သေနတ်သမားတစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် နာရီပေါင်းများစွာအကြာ ဇွန် ၁၁ ရက် အစောပိုင်းက သေဆုံးခဲ့ကြောင်း အော်လန်ဒိုရဲတပ်ဖွဲ့က ပြောကြားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရမ်မီသည်  ဇွန် ၁၀ ရက် ညနေပိုင်းက အော်လန်ဒိုမြို့  Plaza Live တွင်  “ Before You Exit”  တေးဂီတအဖွဲ့နှင့်အတူ ဖျော်ဖြေခဲ့ကြောင်းနှင့်   ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပရမ်မီနှင့်  တေးဂီတအဖွဲ့သမားများသည် အမှတ်တရ လက်မှတ်ရေးထိုးစဉ် သေနတ်သမားတစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အော်လန်ဒို ရဲတပ်ဖွဲ့က ပြောကြားသည်။

သေနတ်သမားသည် ဂရမ်မီရှိရာသို့ လမ်းလျှောက်လာခဲ့ပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း အော်လန်ဒိုရဲတပ်ဖွဲ့က တွစ်တာတွင် ပြောကြားထားသည်။ ဂရမ်မီ၏ အစ်ကိုက သေနတ်သမားကို ချက်ချင်းလိုက်ဖမ်းခဲ့ကြောင်းနှင့် သေနတ်သမားသည် သေနတ်ဖြင့်ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည်။

သေနတ်သမားသည် မည်သည်မည်ဝါဖြစ်သည်ကို မသိရသေးကြောင်းနှင့် ပစ်ခတ်ရခြင်း ရည်ရွယ်ချက်ကိုလည်း မသိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဂရမ်မီသည် ခြောက်ကြိမ်မြောက် “ The Voice” တေးသီချင်းဆိုပြိုင်ပွဲတွင် တတိယနေရာကို ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က “ The Voice” တေးသီချင်းဆိုပြိုင်ပွဲတွင် “ With Love” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags