ဆိုးလ်၊ ဇွန် ၁၀ ။ ။ တောင်ကိုရီးယား အနုပညာရှင်များဖြစ်သော လီမင်ဟို၊ T.O.P ၊ ဟာဂျီဝမ်း ၊ ကင်ဂျီဝမ်း ၊ ချောင်ဂျောင်မြောင်နှင့် ဟောင်ဂျောင်မင်းတို့သည် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော် ( SIFF) သို့ တတ်ရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။
ဟောင်ဂျောင်မင်းသည် ၎င်းပါဝင် သရုပ်ဆောင်ထားသော “The Himalayas” ရုပ်ရှင်ကားဖြင့် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ပြီး လီမင်ဟိုသည် မကြာမီ ထုတ်လွှင့်ပြသမည့် “Bounty Hunters” ရုပ်ရှင်ကား အတွက် ဖိတ်ကြားခံခဲ့ရခြင်းကား T.O.P နှင့် ဆီဆီလ်လီအာချောင်တို့သည် “Out of Control” ရုပ်ရှင်ကားအတွက် တတ်ရောက်သွားမည် ဖြစ်သည်။
ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပြပွဲသည် နိုင်ငံတကာတွင် ကျော်ကြားသော ပြပွဲတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရုပ်ရှင်ပွဲတော်လည်း ဖြစ်သည်။ ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပြပွဲကို ဇွန် ၁၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကိုးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။