အခြားပရီးမီးယားလိဂ်ကလပ်တွင် ဘယ်တော့မှ ကစားမည်မဟုတ်ဟု ရွန်နီပြော

အခြားပရီးမီးယားလိဂ်ကလပ်တွင် ဘယ်တော့မှ ကစားမည်မဟုတ်ဟု ရွန်နီပြော

ဇွန် ၉၊ ပြင်သစ်။            ။ အခြားသောပရီးမီးယားလိဂ်ကလပ်တွင် ဘယ်တော့မှကစားမည်မဟုတ်ဟု မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ရွန်နီက ပြောဆိုလိုက်သည်။

ရွန်နီသည် ၂၀၀၄ တွင်အဲဗာတန်မှပြောင်းလာပြီးနောက် အသင်းပြန်ပြောင်းလုနီးပါးအခြေအနေများစွာ ကြုံခဲ့ရသည်။ အထင်ရှား ဆုံးမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်ချယ်လ်ဆီးအသင်းနှင့် အားကောင်းစွာသတင်းထွက်နေချိန် ၂၀၁၀ တွင် ယူနိုက်တက်မှထွက်ခွာ ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၃ တွင် ချယ်လ်ဆီးနည်းပြအဖြစ်ရှိနေစဉ် မော်ရင်ဟိုက ကြိုးပမ်းခဲ့စဉ်ကလည်း အသက် ၃၀ အရွယ်ကစားသမားသည် ယူနိုက်တက်နှင့် စာချုပ်သစ်ကို တုန့်ဆိုင်းထားခဲ့ဖူးသည်။

လက်ရှိအချိန်တွင် မော်ရင်ဟိုနည်းပြဖြစ်လာပြီး ယူနိုက်တက်အသင်းခေါင်းဆောင်တာဝန်မှာလည်း ပြောင်းလဲခြင်းမရှိနိုင်သည့် အနေအထားတွင် ရွန်နီသည် အခြားပရီးမီးယားလိဂ်အသင်းသို့ပြောင်းရွှေ့ရန် အစီအစဉ်မရှိခြင်းဖြစ်သည်။

“အနာဂါတ်မှာဘာပဲဖြစ်ပါစေ အခုတော့ကျွန်တော်ပျော်နေပါတယ်။ တခြားပရီးမီးယားလိဂ်အသင်းမှာ ဘယ်တော့မှ မကစားပါဘူး”ဟု ရွန်နီက ပြောသည်။

ရွန်နီ၏ထုတ်ဖော်ပြောဆိုမှုအရ အင်္ဂလန်၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူးသည် အသင်းဟောင်းအဲဗာတန်သို့ပြန်ရန်မရှိဘဲ ပြည်ပ တွင်သာ ကစားသမားဘယ အဆုံးသတ်မည့်ပုံစံမျိုးဖြစ်နေသည်။ သို့သော် ရွန်နီသည် မော်ရင်ဟို၏အစီအစဉ်တွင် အဓိက အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေဆဲဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly