မန်စီးတီးနည်းပြအဖြစ်ပွဲဦးထွက်တွင် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့် ဂွာဒီယိုလာရင်ဆိုင်ရမည်

မန်စီးတီးနည်းပြအဖြစ်ပွဲဦးထွက်တွင် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့် ဂွာဒီယိုလာရင်ဆိုင်ရမည်

ဇွန် ၆၊ မန်ချက်စတာ ။               ။ ဂွာဒီယိုလာသည် မန်စီးတီးနည်းပြဘဝ ပထမဆုံးပွဲဦးထွက်တွင် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

စပိန်လူမျိုးနည်းပြသစ်အနေဖြင့် ပထမဆုံးပွဲကို ပြိုင်ဘက်ဟောင်းမော်ရင်ဟိုနှင့်တွေ့ဆုံမှုအဖြစ်လည်းကောင်း၊ ဒါဘီပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နှင့်တွေ့ဆုံမှုအဖြစ်လည်းကောင်း ပရိသတ် ၉၁၀၀၀ ဆံ့ ဘေဂျင်းငှက်သိုက်ကွင်းတွင် ဇူလိုင် ၂၅ ရက်၌ ခြေစမ်းပွဲကစားရမည်ဟု မျှော်မှန်းခံခဲ့ရသည်။

သို့သော် ယင်းပွဲထက် ငါးရက်စောပြီး ဇူလိုင် ၂၀ တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ခြေစမ်းပွဲကစားရမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ဂွာဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းကို ဆုဖလားများရယူပေးပြီးနောက် ပြီးခဲ့သည့်ရာသီကုန်တွင် ထွက်ခွာလာခဲ့သူဖြစ် သည်။

အသက် ၄၅ နှစ်အရွယ်နည်းပြအနေဖြင့် ချန်ပီယံလိဂ်ရယူနိုင်ခြင်းမရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါဖလား သုံးနှစ်ဆက်ရယူပေးခဲ့သကဲ့သို့ ပိုကယ်ဖလား၊ ဥရောပစူပါဖလား၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly