ပေါင် ၆၅ သန်းတန်တိုက်စစ်မှူးကို မန်ယူနှင့် မန်စီးတီး အပြိုင်လိုက်နေ

ပေါင် ၆၅ သန်းတန်တိုက်စစ်မှူးကို မန်ယူနှင့် မန်စီးတီး အပြိုင်လိုက်နေ

ဇွန် ၅၊ မန်ချက်စတာ ။            ။ မန်ချက်စတာမြို့ခံပြိုင်ဘက်များဖြစ်သည့် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် ဒေါ့မွန်အသင်းမှာ ပေါင် ၆၅ သန်းတန် တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ရန် အပြိုင်ကြိုးပမ်းလျက်ရှိနေကြသည်။

အဆိုပါသတင်းကို ဗြိတိန်မီဒီယာများက မန်ချက်စတာမြို့ရောက် မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ ပထမဆုံးယှဉ်ပြိုင်မှုအဖြစ် ခေါင်းစဉ်တပ်လျက်ရှိနေကြသည်။

မန်ယူနည်းပြ မော်ရင်ဟိုနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ နှစ်ဦးစလုံးမှာ အူဘာမီယန်းကို ခေါ်ယူလိုလျက်ရှိနေကြပြီး ဂါဘွန်တိုက်စစ်မှူး၏ အပြောင်းအရွှေ့မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး   ဖြစ်လာဖွယ်ရှိနေသည်။ အူဘာမီယန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းကလည်း ထိုသတင်းကို အတည်ပြုပေးခဲ့ကြသည်။

အူဘာမီယန်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းအတွက် ၄၆ ပွဲကစားပေးခဲ့ရာတွင် ၃၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly