သီးသန့်ထိုင်ခုံမှာ မထိုင်လိုဘဲ အားလုံးနဲ့ တစ်တန်းထဲမှာ ထိုင်လိုတယ်လို့ သမ္မတဦးထင်ကျော်က ပြောပါတယ်။ ဇွန်လ ၅ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ ၂၀၁၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားမိန့်ခွန်းအဖွင့်မှာ သမ္မတဦးထင်ကျော်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ အခမ်းအနားပြင်ဆင်သူတွေက သမ္မတဦးထင်ကျော်ထိုင်ဖို့အတွက် သီးသန့်ထိုင်ခုံ စီစဉ်ပေးထားတာဖြစ်ပါတယ်။ စီစဉ်တဲ့သူတွေကို အပြစ်မတင်လိုပေမယ့် အဲ့ဒီလို သီးသန့်ထိုင်ရတာထက် အားလုံးနဲ့ တစ်တန်းထဲမှာ ထိုင်ရတာကို ပိုပြီး နှစ်သက်တယ်လို့ သမ္မတဦးထင်ကျော်က ပြောပါတယ်။